သမီးဖြစ်သူရဲ့အသက် ၂၀ ပြည့်မွေးနေ့ အလှူပြုလုပ်ခဲ့သော မေကဗျာ

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ သရုပ်ဆောင် မေကဗျာကတော့ ဒီနေ့ ပြည်ပနိုင်ငံမှာ သွားရောက် ပညာသင်ကြားနေသော သမီးဖြစ်သူ ဂင်္ဂါမေ (ခ)ဂိုးဂိုး၏ အသက်(၂၀)နှစ်ပြည့် မွေးနေ့အတွက် အလှူလုပ်ဖြစ်ခဲ့ပုံများကို သူမရဲ့လူမှုကွန်ယက်ကနေ ထပ်တူပျော်ရွှင်ဝမ်းသာမိအောင် မျှဝေလာတာဖြစ်ပါတယ်။

သမီးလေးရဲ့ အသက်၂၀ ပြည့်မွေးနေ့လေးကို သံဃာ (၅)ပါး နံနက်အရုဏ်ဆွမ်း ကြက်သားပလာတာကပ်ပါမယ်။ နံနက် (၁၀) နာရီ အရှေ့ဒဂုံ ကျောင်းလမ်း (၁၄)ရပ်ကွက် Roseprincess စက်ရုံရှေ့ရယ် နေ့လည် (၁၂)နာရီ Kp မေတ္တာလမ်းဆိုင်ရှေ့မှာ စုစုပေါင်း(၂)နေရာမှာ ထမင်း၊ကြက်သားဟင်း၊ သရက်ချဉ်သုပ်၊ ငရုတ်သီးကြော်လူ (၃၀၀)စာ စတုဒီသာအလှူ‌လေး လှူပါမယ် ဟု ဖော်ပြထားပြီး လာစားလှည့်ပါလို့လဲ ပရိသတ်တွေကို ဖိတ်ခေါ်ထားကြောင်း ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်