ဗဟိုဘဏ်က မတ်လ (၄) ရက်နေ့မှာအမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမယ်လို့ ထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ လာမယ့်မတ်လ (၄) ရက်နေ့မှာ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းကို အမေရိကန် ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထပ်မံရောင်းချပေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၃၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ်သန်း ၉၀၀ ကို တစ်လခွဲအတွင်းရောင်းချပေးထားပြီးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ဒီဇင်ဘာ (၅) ရက်မှစတင်ကာ နိုင်ငံခြားငွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက် ဒေါ်လာငွေလဲလှယ်နှုန်းကတရိပ်ရိပ်မြင့်တက်ခဲ့ရာ လက်ရှိတွင် တစ်ဒေါ်လာ ၃၆၀၀ ကျပ်ကျော် အထိ ရောက်ရှိလာကြောင်း သိရပါတယ်။
More Stories
အကြမ်းဖက် မွန်ခွဲထွက်အဖွဲ့၏ Drop Bomb ချ တိုက်ခိုက်မှုကြောင့် မွန်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိ
အောက်တိုဘာလ ၅ ရက်၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန်ခန့်က ကျိုက်မရောမြိုနယ်၊ တရနာကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာအတွင်းသို အကြမ်းဖက် မွန်ခွဲထွက်အဖွဲမှ Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်...
ငမိုးရိပ်ချောင်းဘေး ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်း ရပ်ကွက်များ အောက်တိုဘာ (၁၇) ရက်မှ (၂၁) ရက်အထိ သတိထားနေထိုင်ရန်လိုအပ်
ရန်ကုန်မြစ်ရေသည် အောက်တိုဘာ (၁၈)ရက်မှ အောက်တိုဘာ (၂၀)ရက်အတွင်း မြင့်တက်လာနိုင်သောကြောင့် ငမိုးရိပ်ချောင်းဘေး ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်းရပ်ကွက်များ သတိထားနေထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးပြောဆိုထားသည်။ လက်ရှိ ပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေများမှာ ပုံမှန်ရေအမှတ်တွင် ရှိနေပြီး ငမိုးရိပ်တမံတွင်လည်း ရေပြန်ကျနေပြီဖြစ်သည့်အတွက်...
အခြေခံပညာရေးအတွင်း ဥပဒေပိုင်းဆိုင်ရာ အခြေခံ အသိအမြင်များ သင်ကြားပို့ချရန် နစကဥက္ကဋ္ဌ တိုက်တွန်း
အခြေခံပညာရေးဖြစ်သည့် Grade 11 နှင့် Grade 12 ၌ ကျောင်းသားကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အခြေခံ အသိအမြင်များ ရရှိရေး သင်ကြားပို့ချရန်လိုအပ်သည်ကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ...
စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကို မြိုကြီးများမှာ စမ်းသပ် အသုံးပြုရန် စီစဉ်နေ၊ ပြည်တွင်း သုံးစွဲမှု ပမာဏကို အတိအကျသိရန် ရည်ရွယ်ဟုဆို
စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်)ဖြင့် စက်သုံးဆီဝယ်ယူရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြိုကြီးများ၌ ဦးစွာစမ်းသပ်အသုံးပြုရန် စီစဉ်နေကြောင်း စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)ထံမှ သိရသည်။ ယင်းစက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြားသည် ဆီဝယ်ယူချိန်၌ ကားနံပါတ်၊ ယာဉ်အမျိုးစားနှင့် ဝယ်ယူသည့် ဆီအမျိုးအစား များကို...
မိုးရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေတိုးလာပြီး ဒေသအချို့ ရေများပြန်လည်ဝင်ရောက်နေ
အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုတွေကြောင့် စစ်တောင်းမြစ်ရေတိုးလာပြီး စစ်တောင်းမြစ်ဝှမ်းနေရာ ဒေသအချို့သို့ ရေများပြန်လည်ဝင်ရောက်နေတယ်လို့ ရေဝင်ရောက်ရာဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်တောင်းမြစ်ဝှမ်းနေရာအချို့ကို ရေများပြန်လည်ဝင်ရောက်နေပေမဲ့ လက်ရှိမှာတော့ စိုးရိမ်စရာအခြေအနေ မရှိသေးဘူးလို့ တောင်ငူဒေသခံတစ်ဦးက ပြောပြပါတယ်။ “စစ်တောင်းမြစ်ရေ ထပ်တက်တယ်။ ဒါပေမဲ့...
ကမ္ဘာအေးဘုရားလမ်းပေါ်က ဓာတ်တိုင်တွေပြိုလဲကျပြီး ခရီးသည်တင်ကားနဲ့ အိမ်စီးကားအချို့ထိခိုက်
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဒီကနေ့ အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီ အချိန်ခန့်က ဓာတ်တိုင်တွေ ပြိုလဲကျမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားနဲ့ အိမ်စီးကားအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ “ဓာတ်တိုင်တွေလဲကျလို့ ဘတ်စ်ကားအချို့နဲ့ ကားလေးတွေပေါ်ပိကျနေပါတယ်။ လမ်းက...