စင်္ကာပူ၌ကျင်းပမည့်ဖျော်ဖြေပွဲအတွက် တေလာဆွဇ် ကြိုတင် ရောက်ရှိနေပြီဖြစ်
ကမ္ဘာကျော် အမေရိကန်အဆိုတော် တေလာဆွစ်ဖ်သည် ၎င်း၏ စင်္ကာပူ၌ကျင်းပမည့် ဖျော်ဖြေပွဲအတွက် ပွဲမကျင်းပမီ ဖေဖော်ဝါရီလ၂၇ ရက်ထဲက စင်္ကာပူသို့ရောက်ရှိလာခဲ့သည်။
၎င်းသည် ဩစတေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှ စင်္ကာပူနိုင်ငံ Seletar လေဆိပ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် လေယာဉ်ဆင်းသက်ခဲ့ခြင်းဖြစ်သည်။
ဆွဇ်ရောက်ရှိလာမည်ကို လာကြိုနေကြသည့် ပရိသတ်များရှိနေသည့်အတွက် လုံခြုံရေးတင်းကြပ်စွာချထားရပြီး လေယာဉ်မှ ကားဆီသို့သွားရာလမ်းတစ်လျှောက်တွင် ထီးများဖြင့်ကာပြီးထွက်ရသည်ဟုလည်းသိရသည်။
မတ်လ ၂ ရက်မှ ၄ ရက်နေ့အထိ နှင့် မတ်လ ၇ ရက်မှ ၉ ရက်နေ့အထိ အမျိုးသားအားကစားကွင်း၌ ဖျော်ဖြေမည့် ကမ္ဘာကျော် ပေါ့ပ်အဆိုတော်ဆွဇ်အား အနည်းငယ်တွေ့ခွင့်ရနိုင်ရေးအတွက် လူပေါင်း ၆၀ ခန့် လေဆိပ်တွင်စုဝေးစောင့်ဆိုင်းခဲ့ကြသည် ဟုလည်းသိရသည်။
စင်္ကာပူသည် ဆွဇ်၏ Eras Tour အမည်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်တွင် ထည့်သွင်းဖျော်ဖြေသည့် အရှေ့တောင်အာရှ ရှိ တစ်ခုတည်းသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။
သြစတေးလျပွဲတွင်လည်းကြိတ်ကြိတ်တိုးစည်ကားခဲ့ကာ လက်မှတ်များပင် ဝယ်၍မရကြပေ။ လက်မှတ်မရသော်လည်း ပွဲအပြင်တွင်စောင့်စားကြသူများလှသည်။ ပွဲကွင်းထဲတွင်လည်း တေလာဆွစ်ဖ်၏သီချင်းများကိုလိုက်မဆိုနိုင်ပါက ပရိသတ်အစစ်မဟုတ်ဟု သတ်မှတ်ကြသည်။ ပွဲစီစဉ်ထားမှုများကခမ်းနားလေ့ရှိပြီး သူမဖျော်ဖြေစဉ်ဝတ်သည့် ဂါဝန်အရောင်ပြောင်းသည်နှင့်ပရိသတ်များ၏လက်ပတ်ရှိအလင်းရောင်ပါလိုက်ပြောင်းခြင်းမျိုး ချိတ်ဆက်လုပ်ဆောင် ထားတတ်သည်။ ရွှေပွဲလာ တဝက်လောက်က သူမဝတ်လေ့ရှိသည့် အလက်လက် စတိုင်မျိုးဆင်ယင်ပြင်ဆင်လာလေ့ ရှိကြသည်။ဤမျှလောက် လွှမ်းမိုးမှုအရှိန်အဝါကြီးလှသဖြင့် US ရွေးကောက်ပွဲသည်ပင် တေလာဆွစ် ဖန်ကိုမတို့ထိမိအောင် သတိထားကြရသည်။