ဖြူးမြို့တွင် အမျိုးသမီးငယ်တစ်ဦးကို ရည်းစားဖြစ်သူက လည်လှီးသတ်ဖြတ်မှု တရားခံအား ဖမ်းဆီးအရေးယူ

ဖြူးမြို့မှာ အမျိုးသမီးငယ်တစ်ဦးကို ရည်းစားဖြစ်သူက လည်လှီးသတ်ဖြတ်လိုက်တဲ့ဖြစ်စဥ်က တရားခံကို ဖမ်းဆီးအရေးယူ ထားတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

ဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ဖြူး ဆေးရုံရပ်နေ အောင်မြတ်သူ (၁၆ နှစ် ၉ လ)နဲ့ ဗထူးလမ်း၊ သိမ်ကုန်းရပ်နေ မပိုးဥ (ခ) ခြူးခက်နွယ် (၂၄)နှစ်တို့ဟာ လူငယ်သဘာဝတွေ့ဆုံကြရင်း စကားများရန်ဖြစ်ကြချိန် အောင်မြတ်သူက ကြက်သွန်လှီးဓားနဲ့လည်ပင်းကို လှီးဖြတ် ထိုးသတ်လို့ ရရှိဒဏ်ရာကြောင့် အခင်းဖြစ်နေရာမှာပဲ မပိုးဥ သေဆုံးခဲ့ပြီး ပြစ်မှုကျုးလွန်သူအပေါ် ဖြူးရဲစခန်းက (ပ)၄၅/၂၀၂၄ပုဒ်မ၃၀၂/၁၁၄ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ သတ်ဖြတ်သူဟာ ဘာသာခြားတစ်ဦးဖြစ်ပြီး ပြည်ပအလုပ်လုပ်သွားမဲ့ မပိုးဥကို တားဆီးရာက လည်လှီးသတ် ဖြတ်မှုဖြစ်ပွားတာလို့လည်း လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခွန်ခမာရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပရမ်စမ်နမ်က ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့်အနိုင်ရ
Next post စင်္ကာပူ၌ကျင်းပမည့်ဖျော်ဖြေပွဲအတွက် တေလာဆွဇ် ကြိုတင် ရောက်ရှိနေပြီဖြစ်