ဝက်လက် PDFတပ်စိတ်မှူးဆိုသူ ၎င်းကို ပြန်မကြိုက်သည့် မိန်းခလေးကို မိဘတွေရှေ့ ပစ်သတ်

တပ်စိတ်မှူး ဆိုသူက ၎င်းကို ပြန်မကြိုက်သည့် မိန်းခလေးကို မိန်းခလေး၏ မိဘများရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂၆) ရက် ညနေ (၄) နာရီခန့်က သခွတ္တောကျေးရွာတွင် နေထိုင်သည့် အသက် (၂၂) နှစ် အရွယ် မယုမွန်ထက်အား မန္တလေးမြိုတွင် နေထိုင်သည့် လိင်တူချစ်သူ အမျိုးသမီးက လာရောက်တွေ့ဆုံစဉ် ဝက်လက် PDF တပ်စိတ်မှူးကိုပြည့် ရောက်ရှိလာကြောင်း သိရသည်။

ယင်းနောက် ကိုပြည့်သည် လိင်တူချစ်သူ မိန်းခလေးကို မကြိုက်ရန်နှင့် သူ့ကို ပြန်ကြိုက်ရန် ပြောဆိုခဲ့သော် လည်း မယုမွန်ထက်မှ မကြိုက်နိုင်ကြောင်းနှင့် နေအိမ်မှ ထွက်သွားရန် ပြောဆိုခဲ့သဖြင့် ကိုပြည့်မှ မယုမွန်ထက်ကို အသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မယုမွန်ထက်သည် အခင်းဖြစ်ပွါးသည့်နေရာတွင်သေဆုံးခဲ့ပြီး မယုမွန်ထက် ၏ လိင်တူချစ်သူ အမျိုးသမီးကို ထပ်မံပစ်ခတ်ခဲ့သော်လည်း ကျည်မထွက်သဖြင့် ယင်းအမျိုးသမီးသည် အသက် ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

၎င်းနောက်တွင် အဆိုပါ မယုမွန်ထက်၏ လိင်တူချစ်သူ အမျိုးသမီးကို ဝက်လက်တပ်ရင်း (၂) PDF အဖွဲမှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉.၂.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ခွန်ခမာရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပရမ်စမ်နမ်က ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့်အနိုင်ရ