နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး

နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ နစက ဒု-ဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူးဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM တို့ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူးဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံစဉ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM နှင့်အတူ အိန္ဒိယစစ်သံမှူး ဗိုလ်မှူးကြီး Jaswinder Singh Gill နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁.၂.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၂-၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်