ဧရာဝတီးတိုင်းဒေသကြီးဝန်ကြီးချုပ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ တက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “လူငယ်ရေးရာကော်မတီဖွဲ့စည်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးကာ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် ပါရှိသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ခုတွင် ဦးစားပေးဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်(၅၈)ခု၊ ဆောင်ရွက်ချက်(၁၂၁)ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဘက်ပေါင်းစုံမှ အရည်အသွေးပြည့်၀လာစေရန် စနစ်တကျ ပြုစုပျိုးထောင်းပေးရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် မောင်တို့မယ်တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့်အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများကို ပြုလုပ်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊ အားကစား၊ အနုပညာဘာသာရပ်များတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့လေ့လာသည့် ဘာသာရပ်များကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူ၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ကောင်းမွန်စွာ အကျိုးပြုနိုင်ပါစေကြောင်းနှင့် ယနေ့ပြုလုပ်သည့် ဟောပြောပွဲမှတစ်ဆင့် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များ ဖြစ်ပါစေကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းပြည်၏ အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပုသိမ်တက္ကသိုလ် မြန်မာစာဌာနပါမောက္ခ ဒေါက်တာသန်းထိုက်က လူငယ်ရေးရာခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်ရေးရာ အသိပညာပေးဟောပြောပေးသည့် ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာသန်းထိုက်အား ဂုဏ်ပြုလက်ဆောင်နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုသိမ်တက္ကသိုလ်သို့ အားကစားပစ္စည်းများ ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရန်တပ်ဖွဲဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအား ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးကာ ဖွဲစည်း
Next post အသက် (၆၈)နှစ်ပြည့် မွေးနေ့ကို အကြောင်းပြု၍ အလှူပြုလုပ်ခဲ့တဲ့ လူရွှင်တော် ဦးကျင်ဝှက်