ကလေးကင်ဆာဝေဒနာရှင်တွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ကင်ယူဂျောင်း

ကလေးသရုပ်ဆောင်ကနေ နာမည်ကြီးကိုရီးယားမင်းသမီးဖြစ်လာခဲ့တဲ့ ကင်ယူဂျောင်းဟာ အဓိပ္ပာယ်ရှိလှတဲ့ လှူဒါန်းမှု လုပ်ခဲ့ပါတယ်။ ကင်ယူဂျောင်းက ကင်ဆာရောဂါနဲ့ သွေးကင်ဆာရောဂါခံစားနေရတဲ့ ကလေးတွေအတွက် ဝမ်သန်း ၁၀၀ (ခန့်မှန်းခြေ ကန်ဒေါ်လာ ၇၅၀၀၀) လှူဒါန်းခဲ့တယ်လို့ Korea Children’s Cancer Foundation ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ကင်ယူဂျောင်းနာမည်နဲ့ လှူဒါန်းလိုက်တဲ့ အလှူငွေတွေကို သွေးကင်ဆာရောဂါနဲ့ ရှားပါးရောဂါတွေခံစားနေရတဲ့ကလေးတွေအတွက် ကုသစရိတ်ကာမိဖို့ အသုံးပြုသွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

“နှစ်သစ်မှာ ကလေးတွေ သူတို့ရဲ့အိပ်မက်တွေ မပျောက်ပျက်ဘဲ ပိုကျန်းမာလာစေဖို့ မျှော်လင့်ပါတယ်”လို့ ကင်ယူဂျောင်းက စကားလက်ဆောင်ပါးခဲ့ပါတယ်။ Korea Children’s Cancer Foundationရဲ့ ဒါရိုက်တာကလည်း “မင်းသမီးကင်ယူဂျောင်း ရဲ့နွေးထွေးတဲ့ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ချင်ပါတယ်။ သွေးကင်ဆာရောဂါခံစားနေရတဲ့ ကလေးတွေအတွက် ချစ်ခြင်း မေတ္တာတွေပေးကြဖို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မကြာသေးခင်ကမှ ကင်ယူဂျောင်းပါဝင်ခဲ့တဲ့ “My Demon” ဇာတ်လမ်းတွဲကလည်း လူအများရဲ့အားပေးနှစ်ခြိုက်မှုတွေ ရရှိခဲ့ပါတယ်။ ယူဂျောင်းကလည်း 2023 SBS Drama Awards ရဲ့ Rom-Com Miniseries အမျိုးအစားမှာ Top Excellence ဆုကို ဆွတ်ခူးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ နစက ဉက္ကဋ္ဌ တက်ရောက်
Next post အရန်တပ်ဖွဲဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအား ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးကာ ဖွဲစည်း