မြန်မာနိုင်ငံ၏ အခြေအနေမှန်များ နိုင်ငံတကာမှ သိရှိစေရေး အတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက်က ဆောင်ရွက်ကြဖို့ နစက ဥက္ကဋ္ဌ ပြောကြား

ြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှသိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများ အလိုက်က သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဆောင်ရွက်ကြစေဖို့ နိုင်ငံတော်စီံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

နစကဥက္ကဋ္ဌက နိုင်ငံ၏တည်ရှိပုံပထဝီအနေအထားအရ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရန်အတွက် ပြည်ပတွင် တာဝန်ထမ်းဆောင်နေကြ သည့် သံတမန်ဝန်ထမ်းများတွင်တာဝန်ရှိသည်ဟုလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံ့အကျိုးအတွက် ပြောသင့်ပြောထိုက်သည်များ၊လုပ်သင့်လုပ်ထိုက်သည်များကို မိမိတို့တွေ့ကြုံနေရသည့် အခြေအနေများဖြင့် ချိန်ထိုးကာဆောင်ရွက်သွားကြဖိုလိုကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန() ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်များ၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများ နှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
Next post ဖေဖော်ဝါရီ ၂၂ ရက်မှာ မင်္ဂလာဆောင်မဲ့ သရုပ်ဆောင် ပြည့်ဝတီမောင်