ပြည်သူ့စစ်မှုထမ်းဉပဒေအား ယနေ့မှစတင်၍ အတည်ပြု သတ်မှတ်

၂၀၁၀ ခုနှစ် နို၀င်ဘာ ၄ ရက်နေ့မှာ နိူင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီက ဉပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှစတင်၍ အာဏာတည်စေ ရမည်ဖြစ်ကြောင်း ယင်းဉပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးဌာနက အတည်ပြု ကြေညာလာတာဖြစ်ပါတယ်။

ဒီဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသားအားလုံးနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများအားလုံး စစ်မှုထမ်းဆောင်ရမှာဖြစ်ပြီး စက်မှုလက်မှု အပါအ၀င် ကျွမ်းကျင်ပညာရှင်ဖြစ်လျှင်တော့ အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသားအားလုံးနဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများအားလုံး အကျုံး၀င်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သူမရဲ့ပုဂံမြို့သူဟိုတယ်ကို လာရောက်တည်းခိုဖို့ ဖိတ်ခေါ် လိုက်တဲ့ အကယ်ဒမီ မေမြင့်မိုရ်
Next post သိန်း (၁၀၀)ကျပ်တန်ဖိုးရှိ ကံစမ်းမဲနှင့် အတူ ပြင်ဦးလွင် ကို စိန်နန်းတော်နှင့် ရောက်ရှိလာသော မိုးသူရ နှင့် ယမုံ