(၅၉) ကြိမ်မြောက် ထီဖွင့်ပွဲ သိန်း ၅၀၀၀ ကံထူးရှင် မကွေးမြို့နယ်မှ အဖွားတစ်ဦး ဆွတ်ခူးရရှိ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်တွင် ဖွင့်လှစ်သည့် (၅၉) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာနံပါတ် ဂ ၇၁၆၄၄၄ ဖြင့် မကွေးမြို့နယ်မှ အဖွားတစ်ဦး ငွေကျပ်သိန်း ၅၀၀၀ ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

(၅၉) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာနံပါ တ် ဂ ၇၁၆၄၄၄ မှ ကျပ်သိန်း ၅၀၀၀ အပြင် ဆ ၆၂၉ ၇၉၅ မှ ကျပ်သိန်း ၂၀၀၀ ဆု၊ အက္ခရာနံပါတ် ဂ ၉၄၅၇၄၇ မှ ကျ ပ် သိန်း ၁၀၀၀ ဆုကို ဆွတ်ခူးရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

လက်ရှိ ဖွင့်လှစ်သည့် (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာ လေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြု ဖွင့်လှစ်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ
Next post မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက် ထုတ်လွှင့်မည်