အယ်လ်ဟီလယ်ကို မက်ဆီနဲ့ ဆွာရက်ဇ် ဂိုးသွင်းခဲ့ပေမယ့် ၄-၃နဲ့ အင်တာမိုင်ယာမီ ရှုံး

ဆော်ဒီ​​​မြေမှာ ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ခြေစမ်းပွဲက နှစ်သင်းပေါင်း ၇ ဂိုးနဲ့ ဖျော်ဖြေမှုပေးပြီး မက်ဆီတို့ နိုင်ပွဲပျောက်ခဲ့ရပြန်ပါတယ်။ အင်တာမိုင်ယာမီဟာ ပထမပိုင်း ၁၃ မိနစ်အတွင်း ၂ ဂိုးပေးခဲ့ရတာက စိတ်ပျက်စရာပါ။ ဆွာရက်ဇ်က ၃၄ မိနစ်မှာ ချေပဂိုးတစ်ဂိုး သွင်းခဲ့ပေမယ့် ၄၄ မိနစ်အရောက် ဂိုးထပ်ပေးခဲ့ရပါတယ်။

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ၅၄ မိနစ်မှာ ပင်နယ်တီကနေ ဂိုးသွင်းပြီး နောက်တစ်မိနစ်အကြာ ရူးအစ်အတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။ အကြိတ်အနယ်ကစားရင်း အယ်လ်ဟီလယ်အတွက် အနိုင်ဂိုးကို မယ်လ်ကွန်က ၈၈ မိနစ်မှာ သွင်းခဲ့တာကြောင့် အင်တာမိုင်ယာမီ ရှုံးခဲ့တာပါ။ အင်တာမိုင်ယာမီဟာ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲမှာ ၁ ပွဲသရေ၊ ၂ ပွဲရှုံးကာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် အနိုင်ပျောက်နေပါတယ်။ မိုင်ယာမီဟာ ဖေဖော်ဝါရီ ၂ ရက်မှာ အယ်လ်နာဆာနဲ့ ခြေစမ်းမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဧရာဝတီယူနိုက်တက်နှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း
Next post စိတ်လှုပ်ရှားမှုပေါင်းစုံ ခံစားနေရကြောင်း ဆင်နာ ဖွင့်ဟ