ဧရာဝတီယူနိုက်တက်နှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း

 ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းလည်းဖြစ် ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ်လည်းဖြစ်သော ဦးမျိုးလှိုင်ဝင်းသည် အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်း ပြည့်သွားပြီဖြစ်သည့်အတွက် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမျိုးလှိုင်ဝင်းသည် ဧရာဝတီယူနိုက်တက်အသင်းကို စတင် ရောက်ရှိခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဒုတိယနေရာ၊ ၂၀၂၀ ပြည့်နှစ်မှာ တတိယနေရာ ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်း ဖြစ်သည်။

အသင်းအတွက် ကြိုးစားခဲ့မှုများအား အသိမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်မည့် ခရီးလမ်းများတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဧရာဝတီယူနိုက်တက်အသင်းဘက်မှ ဆုတောင်းပေးထားသည်ကိုလည်း တွေ့ရသည်။ နောက်ဆုံးရရှိသော အားကစားသတင်းများအရ နည်းပြချုပ် ဦးမျိုးလှိုင်းဝင်းသည် သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သွားမည့် ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဟု နစက ဉက္ကဋ္ဌပြော
Next post အယ်လ်ဟီလယ်ကို မက်ဆီနဲ့ ဆွာရက်ဇ် ဂိုးသွင်းခဲ့ပေမယ့် ၄-၃နဲ့ အင်တာမိုင်ယာမီ ရှုံး