တပ်မတော်သားများအနေဖြင့် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် အသင့်အနေအထားရှိနေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲအစည်းတစ်ခုဖြစ်သည့်အတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် အဖွဲအစည်းအလိုက်၊ စစ်သည်တစ်ဦးချင်းစီအလိုက် အသင့်ရှိနေရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ ဇန်နဝါရီ (၂၀) ရက် မွန်းလွဲပိုင်းက ပုသိမ်တပ်နယ်ရှိ အရာရှိ ၊စစ်သည်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အတွက် တစ်ဦးချင်း ကျန်းမာကြံ့ခိုင်မှု ရှိနေရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကြောင်းလည်းပါဝင်သည်။

ထိုအပြင် တပ်မတော်သားများအနေဖြင့် စစ်စည်းကမ်းနှင့်အညီ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲအစည်း အပေါ် ထိခိုက်စေနိုင်သည့် လုပ်ကိုင်ပြုမှုနေထိုင်မှုများကိုလည်း ရှောင်ရှားကြရန် မှာကြားခဲ့ကြောင်း သိရသည်။ကျန်းမာ ကြံ့ခိုင်မှု ရှိစေရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေရန်နှင့် အပျော်အပါး ၊ အသောက်အစားများကြောင့် စွမ်းဆောင်ရည်နှင့် အဖွဲအစည်းအပေါ် ထိခိုက်အောင် မလုပ်ကြရန်လည်း မှာကြားခဲ့သည်။

တာဝန်ထမ်းဆောင်ရာတွင် စစ်သားကောင်း စိတ်ဓာတ်မွေး၍ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန်နှင့် သင်ကြားပေးထားသည့် စစ်အတတ် ပညာများကိုလက်တွေ့ နယ်ပယ်တွင် ထိရောက်စွာအသုံးချရန်လည်း တိုက်တွန်းခဲ့သည်။ ထို့အပြင် တပ်မတော်သားအချင်းချင်း ညီရင်းအစ်ကိုသဖွယ် နေထိုင်ဆက်ဆံကြပြီး တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် အရာရှိ၊ စစ်သည်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကန်တွင် ယခုရာသီအတွင်း တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၁ဝဝဝ ခန့်ရှိ
Next post ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ (၇)ထပ် ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက် ဂုဏ်ပြုဖွင့်လှစ်