အမေရိကန်တွင် ယခုရာသီအတွင်း တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၁ဝဝဝ ခန့်ရှိ

အမေရိကန်ပြည်ထောင်စု၌ ယခုတုပ်ကွေးရာသီတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆ သန်းထက်မနည်းရှိခဲ့ကာ ဆေးရုံ တက်ရသူ ရှိခဲ့ကြောင်းနှင့် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၁ဝဝဝ ခန့်ရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာမှ ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး အချက်အလက်များ အရ သိရသည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အဆိုအရ ယခုရာသီတွင် အမေရိကန်ပြည်ထောင်စု၌ တုပ်ကွေး ရောဂါ နှင့်ဆက်စပ်၍ ကလေးသူငယ်သေဆုံးမှု စုစုပေါင်း (၄၇) ဦးရှိကြောင်း သိရသည်။

တုပ်ကွေးဖြစ်ပွားမှု တိုးလာပြီးနောက် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တုပ်ကွေးရောဂါဖြစ်ပွားမှု ကျဆင်း ခြင်း သို့မဟုတ် တည်ငြိမ်လာခြင်းများ ရှိလာခဲ့သည်ကို သတိပြုမိခဲ့ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည် ဆောင်းရာသီအားလပ်ရက်များအပြီးတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသော တုပ်ကွေးရောဂါဖြစ်ပွားမှုကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ချယ်ရီပန်းပွဲတော် ကျင်းပမည်
Next post တပ်မတော်သားများအနေဖြင့် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် အသင့်အနေအထားရှိနေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား