Quick Food Application မိတ်ဆက်

ဇူလိုင်လ (၁၉) ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific hotel Quick Food Application မိတ်ဆက်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ အစားအသောက်လာပို့ချိန်တွင် ငွေသားအဆင်သင့် မရှိခြင်း၊ တစ်ချိန်တည်းတွင် မတူညီသော စားသောက်ဆိုင်များမှ မှာယူသုံးဆောင်လိုခြင်း စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် Quick Food Application အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

မိတ်ဆက်ပွဲသို့ အနုပညာရှင်များဖြစ်သော ရွှေမှုံရတီ၊ ဝါဆိုမိုးဦး၊ နန်းစုရတီစိုး၊ သင်ဇာ၊နေဝင်း၊ ဖြိုးလေး၊ ဟိန်းသစ်၊ မိတ်ကပ်လင်းလင်း၊ အယ်လစ်ရှာ၊ Zell Roland တို့တက်ရောက်ခဲ့ကြပါတယ်။

Quick Food Application မှာ မတူညီသောဆိုင်များမှ တပြိုင်နက်မှာယူနိုင်သောစနစ်၊ မိုဘိုင်းလ်ပိုက်ဆံစနစ်၊ လကုန်ပေးစနစ်၊ အမှာစာကြိုတင်ပို့ထားပြီး ဆိုင်တွင်သုံးဆောင်နိုင်သည့်စနစ်၊ အမြန်ချောပစ္စည်းပို့ ဝန်ဆောင်မှုစနစ်တို့ရရှိနိုင်ကြောင်းသိရပါတယ်။ အစားအသောက်များမှာယူခြင်းအပြင် အခြားသောအခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ပစ္စည်းများ၊ ဆေးဝါးများကိုလည်း Quick food မှတစ်ဆင့် မှာယူနိုင်ကြောင်းလည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မျက်မှောက်ခေတ်ဘောလုံးလောကရဲ့ တန်ကြေးအမြင့်ဆုံးလူစာရင်းပိုင်ဆိုင်ထားသည့် ကလပ်များ
Next post Blue Dragon Series Awards 2023 ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Daesang(Grand Prize) ဆုကို မင်းသမီး Song Hye Kyo မှရရှိ