ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ
လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပျမ်းမျှအနေဖြင့် ငွေကျပ်သန်း(၃၀၀)နီးပါး ကုန်ကျလျက်ရှိပြီး ၂၀၂၁ ခုနှစ်မှ စတင်၍ ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်(၉၀) နီးပါးရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရပါတယ်။
လျှပ်စစ်တာဝါတိုင်တစ်တိုင် တည်ဆောက်မှုအတွက် ပစ္စည်းခများ အပါအဝင် လုပ်အားခကုန်ကျစရိတ်များ စုစုပေါင်း ပျမ်းမျှတစ်တိုင်လျှင် မြန်မာကျပ်ငွေသန်း(၃၀၀) နီးပါး ကုန်ကျမည် ဖြစ်ပြီး အဆိုပါတာဝါတိုင်တစ်တိုင် တည်ဆောက်ရန် အတွက် ဖောင်ဒေးရှင်းလောင်းခြင်း(၁၅)ရက်ခန့် ကြာ မြင့်ပြီး တိုင်ဆင်ခြင်း(၄)ရက် နှင့် ကြိုးကြွေသီးတပ်ခြင်း (၁)ရက် စုစုပေါင်းရက်(၂၀)ခန့် ကြာမြင့်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ဓာတ်အားပိုလွှတ်ရေးလိုင်းများအား (၅၉)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လျှပ်စစ်တာဝါတိုင်ပေါင်း(၃၉)တိုင် ပြိုလဲပျက်စီးခဲ့ပြီး ပြင်ဆင်ရန် လျှပ်စစ်တာဝါတိုင်ပေါင်း(၃၃) တိုင် ကျန်ရှိနေကြောင်း သိရ ပါတယ်။
More Stories
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ပြီး နစက ဥက္ကဋ္ဌ တက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်...
တောင်ကြီးမီးပုံပျံပွဲတော်ကွင်း ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်
တောင်ကြီးမြိုတွင် ယနေ့ နိုဝင်ဘာ (၁၁) ရက် ၊ ညနေပိုင်းအချိန်၌ မီးပုံပျံပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ သိုသော် ယနေ့ ညနေပိုင်းအချိန်တွင် မိုးရွာသွန်းနေသဖြင့် မီးပုံပျံကွင်းသို သွားသည့်လမ်းတလျှောက် ယာဉ်ကြောပိတ်ဆိုမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။...
နစက ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေး အတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည်။ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်) အစည်းအဝေး၊ (၁၀)ကြိမ်မြောက် (အက်မက်စ်) အစည်းအဝေး ဧရာဝတီ -...
တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်
တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်တွင် ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ပြီးစီးခဲ့သည့် အဋ္ဌမအကြိမ် မဟာမဲခါင် (8th Greater Mekong...
Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ
Online ပေါ်တွင် နိုင်ငံရေးအကြောင်းအရာများ ဝေဖန် ပြောဆိုမှုများ ပြုလုပ်သည့် ဦးငါးမင်းဆွေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့်...
ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများကို သွားရောက် လေ့လာခဲ့သည့် နစက ဥက္ကဋ္ဌ
တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ကျင်းပသည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၈ ရက်တွင် ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများကိုသွားရောက် လေ့လာ ခဲ့ကြောင်း သိရသည်။ နစက ဥက္ကဋ္ဌသည်...