ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်ကြောင်း နစက ဉက္ကဋ္ဌ ပြောကြား

ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတောင်တန်းဒေသဖြစ်ပြီး တောတောင်ရေမြေသဘာဝအလှတရားများ၊ မြေပေါ်မြေအောက်သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှုအလှတရားများဖြင့် သာယာလှပသော ပြည်နယ် ဖြစ်ပါသည်။ ရာသီဥတုမျှတပြီး ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှုတို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင်ဖြစ်ပါသည်။ သာယာလှပသည့်ရှုခင်း၊ သန့်ရှင်းသပ်ရပ်သည့်အခင်းအကျင်း၊ တိုင်းရင်းသားတို့၏ ပွင့်လင်းရိုးသားမှု၊ ဒေသခံသားချင်းများက ပြည်နယ်အကျိုးကို ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။

ထိုသို့ရရှိပြီးအခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်ကြောင်း နစက ဉက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post န-စ-က နှင့် မြောက်ပိုင်းအဖွဲ့တို့ ယာယီ အပစ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်
Next post နိုင်ငံခြားငွေဈေးကွက်သို့ ဒေါ်လာ ၁၅ သန်း ဗဟိုဘဏ် ယနေ့ ထပ်မံရောင်း‌ချ