နာခွန် ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းနှင့် ပွဲဦးထွက်မှာပင် ဂိုးရခဲ့သည့် အောင်ကောင်းမာန်

ဇန်နဝါရီလ ၈ ရက်

မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ် (၂ )ကလပ် နာခွန်ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းထံပြောင်းရွေ့သွားခဲ့ပြီး ပွဲဦးထွက်မှာပင် ဂိုးရ ရှိခဲ့ကြောင်း သိရပါတယ်။

အောင်ကောင်းမာန်သည် ထိုင်းကလပ် အူထိုင်းဌာနီမှာ စာချုပ်ပြည့်ပြီးနောက် နာခွန်ရချာရှီးမား (ခိုရတ်) အသင်းကို တစ်ရာသီခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ဂျာစီနံပါတ် (၁၈) ကို ဝတ်ဆင်ကစားလျက်ရှိကြောင်း သိရပါတယ်။

အောင်ကောင်းမာန်သည် ယမန်နေ့ ဇန်နဝါရီ (၇)ရက်က နာခွန်ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းနှင့် ချိုင်းနတ်ပွဲစဥ်တွင် ပွဲထွက်ကစားခွင့် ရခဲ့ပြီး ပွဲကစားချိန် (၃၈) မိနစ်မှာပင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ သော်လည်း ပွဲအပြီးတွင် တစ်ဖက် (၁) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နာခွန် ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းသည် ယမန်နှစ်က ထိုင်းလိဂ် (၁) မှ တန်းဆင်းခဲ့သော အသင်းဖြစ်ပြီး ယခုနှစ် ချန်ပီယံအဖြစ်တန်း ပြန်တက်ရန် ပစ်မှတ်ထား ပြင်ဆင်နေသည့် အသင်းဖြစ်ကြောင်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဇွဲကပင်ကုန်းမြို့ပတ်လမ်းဘက်မှ ဘားအံမြို့ရှောင်လမ်းဘက် သို့ တိုက်ရိုက်သွားနိုင်သည့် သိမ်တော်ကြီး-ကမော့ကစင် ကွန်ကရစ်လမ်း ဖွင့်လှစ်
Next post ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်