(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ကျင်းပခဲ့သည်။ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ်တွင် ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖတ်ကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇၆) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ကမ္ဘာ့ ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့
Next post တိုက်ပွဲတွေက တောတောင်အတွင်းမှာ မဟုတ်တော့ဘဲ မြို့ပြနေရာတွေအထိ ဆင်နွှဲလာကြတဲ့အတွက် ရှေ့တန်း နယ်မြေ ပိုမိုကျယ်ပြန့်လာတာကို တွေ့ရတယ်လို့ တပ်ချုပ် ပြောကြား