(၇၆) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ကမ္ဘာ့ ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၊ သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ်တို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သဝဏ်လွှာ ပေးပို့သည့် နိုင်ငံအသီးသီးသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြောက်ဒဂုံ (၄၈) ရပ်ကွက် အောင်ဆန်းသူရိယလှသောင်းလမ်း တွင် ခွေးဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွား
Next post (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပ