မြောက်ဒဂုံ (၄၈) ရပ်ကွက် အောင်ဆန်းသူရိယလှသောင်းလမ်း တွင် ခွေးဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီလ (၃) ရက် ည (၇)နာရီ (၄၄) မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ဒဂုံမြို့နယ် ၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေရာသည် ခွေးဂေဟာတစ်ခုဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

” ခွေးတွေ အများကြီးမွေးထားတာ။ ဖြစ်တဲ့အချိန် လူမရှိဘူးထင်တယ်။ အကုန်တံခါးတွေ ပိတ်ထားတာ၊ ဝင်လို့လည်း မရဘူး” ဟု နယ်မြေခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူလူထု များ ၊ ပရဟိတအဖွဲ့များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ည(၈) နာရီ ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမေရိကားမှာ ကျောင်းတက်နေတဲ့ သမီးလေး ကျောင်းပြီးတဲ့ အထိ စီးပွားရေးကို ပိုအာရုံစိုက်လုပ်ဖြစ်နေတဲ့ မေကဗျာ
Next post (၇၆) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ကမ္ဘာ့ ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့