လားရှိုး-နမ္မတူကို အဓိကဆက်သွယ်ထားတဲ့ အီနိုင်းတံတား အား အကြမ်းဖက်များ ဖောက်ခွဲဖျက်ဆီး

ဇန်နဝါရီ ၁ရက်နေ့ နံနက်ပိုင်းက ရှမ်းမြောက်ဒေသ၊လားရှိုး-နမ္မတူ လမ်းပိုင်းရှိ အီနိုင်းတံတားကို TNLA/KIA ပူးပေါင်း အကြမ်းဖက်များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရှိရပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းတွေမှာ ပေါက်ကွဲသံတွေ ကြားရပြီးနောက်ပိုင်းမှာ ဖောက်ခွဲခံရပြီး ကျိုးကျသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အီနိုင်းတံတား ကျိုးကျသွားတာကြောင့် လုံးဝ အသုံးပြုလို့မရသော အခြေအနေ ဖြစ်သွားပြီး ဒေသခံတွေအတွက်တော့ စားသောက်ကုန်တွေ ဝယ်ယူဖို့၊ သယ်ယူဖို့ ခက်ခဲသွားသော အခြေအနေရောက်ရှိသွားတယ်လို့ ဒေသခံတစ်ဦးဆီမှ သိရှိရပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း သီပေါနှင့်ကျောက်မဲဆက်သွယ်ထားသည့် ကျင်သီတာတံတားနှင့် ဒီဇင်ဘာ ၁ ရက်က သီပေါနှင့် လားရှိုး ဆက်သွယ်ထားသည့် စဥ့်အင်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post 2024 New Year Countdown ပွဲတော် ရန်ကုန်မြို၌ ကျင်းပမည်
Next post စိန်ဧကရီရဲ့ ပုသိမ်မြို့နှစ်သစ်အထူးစျေးရောင်းပွဲတော်ကြီး ပထမနေ့ သရုပ်ဆောင် တိုင်ရွန် တက်ရောက်