အကယ်ဒမီ မေသဉ္ဇာဦးရဲ့သားကြီး ယာဉ်တိုက်မှုဖြင့် ကွယ်လွန်

အကယ်ဒမီ မေသဉ္ဇာဦးရဲ့သားကြီး မနေ့ညက ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်စမတ်နေ့ည ၁၀ နာရီ ၃၀ မိနစ် အချိန်က သရုပ်ဆောင် မေသဉ္ဇာဦး၏ သားဖြစ်သူ မောင်းနှင်လာသော မော်တော်ယာဉ်သည် တာမွေမြို့နယ် ဗညားဒလမ်း သျှင်ပါကူဆေးခန်းရှေ့ဘက်မှ မောင်းနှင်လာခဲ့ရာ ကျောက်မြောင်း မီးသတ်ရုံးအရှေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ကြောင်းသိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အကယ်ဒမီ မေသဉ္ဇာဦး၏ သားကြီး ကိုမင်းသန်းကျော် (၂၇ နှစ်) တွင် ဦးခေါင်း နောက်စေ့စုတ်ပြဲဒဏ်ရာများရရှိခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံ အကြမ်းဖက်အဖွဲ၏ လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီး
Next post ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသူများစာရင်းကို ကြေညာ