ပိုလန်မှာ ကျင်းပမယ့် Miss Supranational 2024 ပြိုင်ပွဲကို အလှမယ် ဒီး ၀င်ရောက်ယှဉ်ပြိုင်မည်

၂၀၂၄ခုနှစ် ဇွန်လအတွင်း ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2024 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြု အလှမယ် အလှမယ်ဒီး (Dee)က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ “ဒီး ကို အခုလိုမျိုး ယုံယုံကြည်ကြည်နဲ့ သွားပြိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲအတွက် ဒီးအများကြီးကြိုးစားသွားမှာပါ။ ပြိုင်ပွဲအတွက် လိုအပ်တာတွေကိုလည်း ပြင်ဆင်ပြီး မြန်မာနိုင်ငံအတွက် မျက်နှာမငယ်ရအောင် အကောင်းဆုံး ကြိုးစားသွားပါမယ်” လို့ အလှမယ် ဒီး က ပြောပါတယ်။

အလှမယ် ဒီး က အမျိုးသမီးတိုင်းရဲ့ ဒုတိယအကြိမ် အခွင့်အရေး(Second chance)နဲ့ ထိုက်တန်ကြောင်း ဥပမာတစ်ခုအနေနဲ့ စံနမူနာပြချင်တဲ့အနေနဲ့ မယ်စကြဝဠာ ၂၀၂၃ ပြိုင်ပွဲမှာ “မော်လမြိုင်” ကိုယ်စားပြုအဖြစ် အလှမယ်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Universe Myanmar 1st Runner Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

“အမတို့ Miss Universe Myanmar ပြိုင်ပွဲက ကျင်းပခဲ့တာဆိုရင် ၁၀ ကြိမ်မြောက်ရှိပြီ။ နောက် ၁၁ ကြိမ်မြောက်ကျင်းပမှာ ဖြစ်တယ်။ ခုနောက်ပိုင်း City Director တွေများလာတာမို့ ကောင်းတဲ့ပြိုင်ပွဲဝင်တွေများလာတယ်။ ဒီပြိုင်ပွဲဝင်တွေက Top 5 စာရင်းဝင်တွေကို Miss Universe မဟုတ်ပေမယ့် တခြား Big 5 ပြိုင်ပွဲကို Join ချင်သူတွေမို့ စီစဉ်ခဲ့တာပါ။ ဒီးက ဒီပြိုင်ပွဲနဲ့ သူရဲ့နေထိုင်မှုပုံစံက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလုပ်နိုင်တယ်။ သူ့ကို​တော့ သူနဲ့လိုက်တယ်ထင်တယ်။ တခြားသုံးသပ်ကြသူ ဝါသနာပါသူတွေကလည်း လိုက်ဖက်တယ်မြင်တာမို့ ရွေးချယ်လိုက်တာပါ” လို့ Miss Universe Myanmar Organization က CEO မစိုးယုဝေက ပြောပါတယ်။

အလှမယ် ဒီးဟာ အရပ်အမြင့် ၁၇၁ စင်တီမီတာ၊ အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး အင်္ဂလိပ်ဘာသာရပ်အထူးပြုနဲ့ ဘွဲ့ရရှိထားသူလည်းဖြစ်ပါတယ်။ သူမက ဖက်ရှင်၊ ဂီတ၊ Thrifting နဲ့ ပရဟိတအလုပ်တွေကို စိတ်ဝင်စားသူဖြစ်ပြီး လက်ရှိမှာ Model တစ်ဦးအဖြစ် အနုပညာအလုပ်တွေ လုပ်ဆောင်နေသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုဒုံမြို့ ၊ မြို့မ (၁)ရပ်ကွက် သင်္ဘောဦးရပ်တွင် လူနေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွား
Next post သထုံမြို့၊ သု၀ဏ္ဏဘူမိ ဘိုးဘွားရိပ်သာ ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်