မုဒုံမြို့ ၊ မြို့မ (၁)ရပ်ကွက် သင်္ဘောဦးရပ်တွင် လူနေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ် ဘုရင့်နောင်လမ်းသွယ် (၁) လမ်းတွင် ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ အဆိုပါလမ်းတွင် နေထိုင်သော ဦးတင်မောင်ဆွေ၏ နေအိမ်အပေါ်ထပ်တွင် ပါဝါဘန့် အားသွင်းထားရာမှ အပူလွန်ကဲပြီး အိပ်ယာအား မီးစွဲလောင်ကျွမ်း၍ နေအိမ်အား မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိ လူနေအိမ် သုံးလုံးပါ မီးစွဲလောင်ခဲ့တာ ဖြစ်ပါသည်။

မီးလောင်မှုအား မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၁)စီး၊ ညောင်ကုန်းအရန် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ဝက်တဲအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျုံဖိုက်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မုဒုံအရေးပေါ်ပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် Yအရေးပေါ်အသင်းမှ ရေသယ်ယာဉ်(၁)စီး ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြပါသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ (၃) နာရီ (၂၀) မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ (၃) နာရီ (၅၅) မိနစ်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကာ မီးလောင်မှုကြောင့် လူနေအိမ် လေးလုံး ဆုံးရှုံးသွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နမ့်ခမ်းမြို့ရှိ အာဇာနည်ကျောက်တိုင်ကို TNLA ဖျက်ဆီး
Next post ပိုလန်မှာ ကျင်းပမယ့် Miss Supranational 2024 ပြိုင်ပွဲကို အလှမယ် ဒီး ၀င်ရောက်ယှဉ်ပြိုင်မည်