
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၂၄ အနီး ယာဉ်တိုက်မှုဖြစ်ပြီး လူ၁၀ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)တွင် ဒီဇင်ဘာ ၂၁ ရက်နံနက် ၇နာရီ ၃၀ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရသည်။ယာဉ်တိုက်မှုဖြစ်စဉ်တွင် မိုင်တိုင်အမှတ် (၃၂၄/၅)အနီး မောင်းနှင်လျက်ရှိသည့် Hijet ယာဉ်အား လာရားတူနောက်မှ မောင်းနှင်းလာသော Nissan Caravan ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် Hijet ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၀)ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Nissan Caravan ယာဉ်ပေါ်ပါ လာသည့်အမျိုးသား(၂)ဦး မှာထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ထိခိုက်ဒဏ်ရာ ရသူများကို ပြင်စည် 192 သူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
More Stories
နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ နောက်ဆုံးထား လျှောက်ခွင့်ပြုမည်
၂၀၂၅ခုနှစ် အထွေအထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ(၉)ရက်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ သည်။ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့်အတွက် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးပါတီများပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းများကို...
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင် -၃၀၀)ကို နစက ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင် -၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၈ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ပြုပြင်၍ရနိုင်သည့်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊...
မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး
ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၇ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားပြိုင်ကွင်းကြီးအတွင်းရှိ ဘောလုံးကွင်းနှင့်...
မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစကဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ
ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး...
စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊မလေးရှား ကယ်ဆယ်ရေးအဖွဲ့တို့ကို နစကဥက္ကဋ္ဌ သွားရောက် အားပေး
ဧပြီ ၆ ရက်နံနက်ပိုင်း စစ်ကိုင်းမြို့သို့ ရောက်ရှိ နေသော နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် "မြတ်"ကိုယ်ပိုင်အထက်တန်းကျောင်း၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှု၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ စာသင် ဆောင်များပျက်စီးနေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့မှုများအား စနစ်တကျစိစစ်၍...
ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သော နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံးနေပြည်တော်သို့ ပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ ည ၁၀ နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်...