မင်္ဂလာရှိတဲ့အိမ်ကလေးFan Meeting လှည်းတန်းစင်တာမှာ ယနေ့ကျင်းပပြုလုပ်မည်

ရသစုံလင်တဲ့အပြင် ချစ်စရာကောင်းတဲ့ မိသားစုဇာတ်အိမ်လေးဖြစ်တဲ့ “မင်္ဂလာရှိတဲ့အိမ်ကလေး” ဇာတ်လမ်းတွဲသစ်ကို ဒါရိုက်တာမောင်သော် ရိုက်ကူးပုံဖော်ထားပြီး  အကယ်ဒမီ ကျော်ရဲအောင်၊ သူရိယ၊ ညိမ်းသော်၊ တေဇလင်းရောင် ၊ ‌နော်ဖောအယ်ထား ၊ ထွန်းပုလဲရတနာ၊ ရွှေအင်ကြင်း နှင့် ဧည့်သည် သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် တို့ပါဝင်သရုပ်ဆောင်ထားပြီး မဟာရုပ်သံလိုင်းမှ မနေ့ကစတင်၍ ထုတ်လွှင့်ပြသလျက်ရှိပါသည်။

ဒီနေ့(၁၇.၇.၂၀၂၃)ရက်နေ့ လှည်းတန်းစင်တာတွင် ညနေ(၃)နာရီမှ (၆)နာရီအထိ ချစ်ရတဲ့ပရိသတ်များနှင့်အတူ ပါဝင်သရုပ်ဆောင်ထားသောအနုပညာရှင်တွေ ဂိမ်းအတူတူဆော့ရင်း အမှတ်တရလက်ဆောင်များပေးသွားမည်ဟု သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လီယိုနယ်မက်ဆီကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်တဲ့ အင်တာမီယာမီ
Next post နာမည်ကြီး ကိုရီးယား SBSရဲ့ survival programမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသက်(၂၃)နှစ်အရွယ် မြန်မာမလေး နန်းဧကရီရွှေ (ခေါ်) ရီအယ်