နာမည်ကြီး ကိုရီးယား SBSရဲ့ survival programမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသက်(၂၃)နှစ်အရွယ် မြန်မာမလေး နန်းဧကရီရွှေ (ခေါ်) ရီအယ်

SBS ရုပ်သံလိုင်းက မကြာမီမှာ တင်ဆက်ပြသတော့မယ့် Universe Ticket ဆိုတဲ့ Survival Show မှာပြိုင်ပွဲ၀င် ၄၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်လိုက်ပြီး ယင်းထဲတွင် မြန်မာနိုင်ငံက ပထမဆုံး ပါဝင်သူ အဖြစ် ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)မှ ကျောင်းသူဟောင်း မနန်းဧကရီရွှေက ရီအယ်လ် (Riel)ဆိုတဲ့ နာမည် နဲ့ ဝင်ရောက်ယှဉ်ပြိုင်နေကြောင်းသိရှိရပါတယ်။

ရီအယ်က ရန်ကုန်မြို့ ရွာသာကြီးမှာရှိတဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်တက်တုန်းက University Queen ဖြစ်ခဲ့သလို The Whole Queen လည်း ဖြစ်ခဲ့သူပါ။

သူမက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပထမနှစ်တက်ပြီးနောက် အခု ကိုရီးယားက Seoul National University of Science and Technology (seoultech) မှာ ပညာသင်ကြားနေသူလည်း ဖြစ်ပါတယ်။

Universe Ticket ရဲ့ Survival Show မှာပြိုင်ပွဲ၀င် ၄၁ ဦးက အချင်းချင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဲဒီပြိုင်ပွဲဝင်တွေထဲကမှ အနိုင်ရရှိသူ ၈ ဦးကို ရွေးချယ်ကာ Girls Band အဖွဲ့သစ်ကို ဖွဲ့စည်းပြီး ၂ နှစ်နဲ့ ၆ လအကြာ F&F Entertainment မှ promotion ဆင်းပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်္ဂလာရှိတဲ့အိမ်ကလေးFan Meeting လှည်းတန်းစင်တာမှာ ယနေ့ကျင်းပပြုလုပ်မည်
Next post မင်္ဂလာရှိတဲ့ အိမ်ကလေး ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များနဲ့ပရိသတ်များတွေ့ဆုံပွဲ ကျင်းပ