ရုရှားသမ္မတ ဗလာဒီမာပူတင်က နစက ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား ဘွဲ့တံဆိပ် ချီးမြှင့်

ရုရှားသမ္မတ ဗလာတီမာပူတင်က မြန်မာနိုင်ငံအစိုးရ နစက ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့အား Order of Alexander Nev sky ဘွဲ့တံဆိပ်နှင့် Order of Friendship ဘွဲ့တံဆိပ်တို့အား ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ဘွဲ့တံဆိပ်များအား ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev က ယနေ့ ဒီဇင်ဘာ (၅) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဆုတံဆိပ်ကို ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက လက်ရောက် အပ်နှင်းခဲ့ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ Order of Friendship ဘွဲ့တံဆိပ်ကိုလည်း လက်ရောက်အပ်နှင်းခဲ့ကြောင်း သိရသည်။

ယင်းဘွဲ့တံဆိပ်များကို မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုး တိုးတက်ရေးအတွက် တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည့်အတွက် ရုရှားသမ္မတမစ္စတာ ဗလာဒီမာပူတင် က ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ပြောကြားခဲ့သည်။

ရုရှားသမ္မတ အနေဖြင့် ယခုကဲ့သို့ ဘွဲ့တံဆိပ် ချီးမြှင့်မှုကို ကျေးဇူးတင်ကြောင်းနှင့် ရုရှားနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ရပ်တည်သွားမည့်အပြင် နှစ်နိုင်ငံကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေး ကောင်စီအတွင်းရေးမှူးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်
Next post နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market rate အတိုင်း ရောင်းချခွင့်ပြုမည်ဟု ဗဟိုဘဏ်ထုတ်ပြန်