နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်

(၈) ကြိမ်မြောက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post JOY Detox & Healthy Meal ရဲ့ 5 နှစ်ပြည့် အထိမ်း အမှတ် စက်ရုံတည်ရှိရာနေရာမှာ ရွာလုံးကျွတ် စတုဒီသာ အလှူ ပြုလုပ်
Next post ရုရှားသမ္မတ ဗလာဒီမာပူတင်က နစက ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား ဘွဲ့တံဆိပ် ချီးမြှင့်