ဇာတ်ကားအသစ်မှာ သက်စွန့်ဆံဖျားစတန့်ပြကွက်‌ကို လုပ်ပြဖို့ အချိန်ယူလေ့ကျင့်ခဲ့ရတဲ့ တွမ်ခရုစ်

၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၆ ရက်

အသက် ၆၁ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မင်းသားကြီးတွမ်ခရုစ်က အန္တရာယ်များတဲ့စတန့်ပြကွက်တွေကို သူကိုယ်တိုင်လုပ်တဲ့အတွက် လူသိများပါတယ်။ သူ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲက တစ်ကားအတွက် ဒူဘိုင်းမှာ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ ခါလီဖာ မိုးမျှော်တိုက်အပြင်ဘက်ကနေ တွဲတတ်တဲ့စတန့်တောင် လုပ်ခဲ့တာပါ။

မကြာခင် ရုံးတင်ပြသတော့မယ့် Mission Impossible: Dead Reckoning ဇာတ်ကားအသစ်မှာလည်း မင်းသားကြီးတွမ်ခရုစ်က သက်စွန့်ဆံဖျားစတန့်တွေကို သူကိုယ်တိုင် လုပ်ခဲ့လို့ ရိုက်ကူးရေးအဖွဲ့သားတွေ အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ ပရိသတ်တွေက သူ့ရဲ့ဇာတ်ကောင် အီသန်ဟန့်တ်ကို ပါရာဂလိုင်ဒါအတောင်ပံကို အသုံးပြုပြီး အရှိန်ပြင်းပြင်းနဲ့ခုန်ဆင်းတာကို မြင်တွေ့ရမှာပါ။ အဲဒီလိုမခုန်ဆင်းခင် ချောက်ကမ်ပါးစွန်းအထိ ဆိုင်ကယ်စီးလာခဲ့တာပါ။

တွစ်ခရုစ် လုပ်တဲ့ အမြန်နှုန်းနဲ့ခုန်ဆင်းတာက ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးအရာတွေထဲတစ်ခုဖြစ်တယ်လို့ ဇာတ်ကားရဲ့ဒါရိုက်တာ ခရစ်စတိုဖာ မက်ကွာရီကပြောပါတယ်။ တွမ်ခရုစ်က ဒီစတန့်အတွက် အချိန်ယူပြီး အကြိမ်ကြိမ်လေ့ကျင့်ခဲ့ရတာပါ။ အကြိမ်ကြိမ်လေ့ကျင့်ခဲ့ရတယ်ဆိုတာကို တွစ်ခရုစ်က Mission Impossible: Dead Reckoning ရဲ့လန်ဒန်အထူးပြပွဲမှာပြောခဲ့တာပါ။

တွမ်ခရုစ်က အခုအပတ်ထဲ ရုံတင်မယ့် ၇ ကားမြောက် Mission Impossible အပြင် အခြား Mission Impossible ၆ ကားမှာလည်း လျှို့ဝှက်အေးဂျင့် အီသန်ဟန့်တ်အဖြစ် သရုပ်ဆောင်ထားတာပါ။ ပထမဆုံး Mission Impossible ဇာတ်ကားကတော့ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၇-၂၀၂၃) အနုပညာသတင်းအနှစ်ချုပ်
Next post (၅-၇-၂၀၂၃) အနုပညာသတင်းအနှစ်ချုပ်