ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးကို ရေးဘီလူး PDF အဖွဲ့က ယနေ့နံနက်တွင် သတ်ဖြတ်

မွန်ပြည်နယ် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်းကို ရေးဘီလူး PDF အဖွဲ့က ယနေ့နံနက်တွင် သတ်ဖြတ် လိုက်ကြောင်း လူမှုကွန်ယက်တွင် ‌‌ဝန်ခံရေးသားဖော်ပြလာပါတယ်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်က ရေးမြို့တွင် မြို့လယ်၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “ဖူး” လက်ဖက်ရည်ဆိုင်၌ တစ်ဦး တည်း လက်ဖက်ရည်သောက်ကာ နံနက်စာစားနေသည့် ​ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးဦးဇော်နိုင်လင်း (၅၂ နှစ်)ကို ရေးဘီလူး PDF အဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်စီးနင်းရောက်ရှိလာကာ သေနတ်ဖြင့်သုံးချက် အလစ်အငိုက်တွင်း ချေပစ်ခတ် သတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ သတ်ဖြတ်မှုကို ရေးဘီလူးက “မွန်ပြည်နယ် ရေးမြို့နယ်မှာရှိတဲ့ ပင်လယ် ငါးဖမ်း သင်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ/လုပ်ပိုင်ခွင့်အပြည့်အဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲမှာ အနားပေးလိုက်ပါပြီ။ အကောင်ကြီးစားရတော့ တကယ်ဆိမ့်တယ်ဗျား” ဟု ဝန်ခံရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သန္တာစိုး ဝင်ရောက် ယှဉ်ပြိုင်မည်
Next post ဂါဇာဆေးရုံပေါက်ကွဲမှု လူ ၅၀၀ ဝန်းကျင်သေဆုံး