Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သန္တာစိုး ဝင်ရောက် ယှဉ်ပြိုင်မည်

အောက်တိုဘာလကနေ နိုဝင်ဘာလအထိ မလေးရှားနိုင်ငံမှာ ပြန်လည်ကျင်းပမယ့် Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သန္တာစိုးက သွားရောက်ယှဉ် ပြိုင်မှာဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၉ ရက် အထိ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးမှာတော့ အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

“ဒီပြိုင်ပွဲအတွက် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုကို လက်ခံပြီး ယှဉ်ပြိုင်မှာပါ။ ညီမကို သူတို့ ပြိုင်ပွဲနဲ့ကိုက်လို့ ရွေးချယ်တယ် ထင်ပါတယ်။ ဒီအရည်အချင်းတွေနဲ့ ကိုက်ညီတယ်ထင်လို့ Organization က ရွေးချယ်တယ်လို့ ထင်ပါတယ်။ ညီမက အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် တစိုက်မတ်မတ် လုပ်တတ်တဲ့စိတ်ရှိတယ်။ နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ချင်ခဲ့တာ ငယ်ငယ်ကတည်းက အိပ်မက်ပါ ” လို့ အလှမယ် သန္တာစိုးက ပြောပါတယ်။

“လက်ရှိ ညီမ ကိုယ့်ကိုယ်ကိုယ် Strong ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ ပြည်ပမှာ သွားပြိုင်ရမှာ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ Speaking ပိုင်းကိုတော့ စိုးရိမ်မိတယ်။ အခု English Speaking ပြင်ဆင်နေပါတယ်။ Talent ပိုင်းလည်း လေ့ကျင့်ပြင်ဆင်နေပါတယ်။ ကိုယ်တိုင်က ဘယ်လောက်ထိ ကြိုးစားကြိုးစား ပရိသတ်ရဲ့ အားပေးမှုကလည်း လိုအပ်တာကြောင့် အားပေးကူညီပေးပါဦး ”လို့ သူမက ဆက်ပြောပါတယ်။


သူမက Akyab Star ကနေ မွေးထုတ်ထားတဲ့ အလှမယ်တစ်ဦးဖြစ်ပြီး Miss Universe Sittwe 2023 – 1st Runner Up ဆု နဲ့ Miss World Myanmar 2023 1st Runner Up ဆုတွေကို မကြာခင်က ရရှိထားသူလည်း ဖြစ်ပါတယ်။
အလှမယ် သန္တာစိုးကိုတော့ Myanmar Beauty Paradise Organization က စေလွှတ်ပေးတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒို့တာဝန်အရေးသုံးပါးနှင့်ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် သွားမည်ဟု နစက ဥက္ကဋ္ဌပြော
Next post ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးကို ရေးဘီလူး PDF အဖွဲ့က ယနေ့နံနက်တွင် သတ်ဖြတ်