လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ၈၅၉ ဂိုးရသွားတဲ့ ရော်နယ်ဒိုက သွင်းဂိုး ၁၀၀၀ စံချိန်ရှင် ဖြစ်လာမလား

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့သော ပေါ်တူဂီနှင့်ဘော့စနီးယားပွဲမှာ ပေါ်တူဂီက ဘော့စနီးယားအသင်းကို ငါးဂိုးပြတ်နှင့် အနိုင်ရရှိခဲ့သော ပွဲမှာ ဘော့စနီးယားကို ၂ ဂိုးသွင်းပြီးနောက် သူ့ရဲ့ကစားသမားဘဝသွင်းဂိုးက ၈၅၉ ဂိုးထိရှိလာပါတယ်။ ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ ကစားသမားဘဝက အနားမယူခင် သွင်းဂိုး ၁၀၀၀ စံချိန်ရှင်ဖြစ်ဖို့ အခွင့်ရှိနေပါတယ်။

ရော်နယ်ဒိုဟာ ကြံခိုင်မှုအရ ဘောလုံးဆက်ကစားသွားဦးမှာဖြစ်တာ​ကြောင့် ဒီစံချိန်က မဝေးလှပါဘူး။ သူဟာ ကလပ် ကစားသမားဘဝမှာ ၇၃၂ ဂိုး၊ နိုင်ငံအတွက် ၁၂၇ ဂိုးသွင်းထားပါတယ်။ ရော်နယ်ဒိုဟာ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့က ၁၄၁ ဂိုး လိုအပ်နေပါတယ်။ သူဟာ အယ်လ်နာဆာအသင်းနဲ့ ၃၁ ဂိုးသွင်းထားပါတယ်။

သွင်းဂိုး ၈၅၉ ဂိုးစာရင်း မှာ စပို့တင်း ၅ ဂိုး၊ မန်ယူ ၁၁၈ ဂိုး ၊ ရီးယဲလ်မက်ဒရစ် ၄၅၀ ဂိုး ၊ ဂျုဗင်တပ်စ် ၁၀၁ ဂိုး ၊ မန်ယူ ၂၇ ဂိုး ၊ အယ်လ်နာဆာ ၃၁ ဂိုး နှင့် ပေါ်တူဂီ ၁၂၇ ဂိုး စုစုပေါင်း ၈၅၉ ဂိုး သွင်းယူထားသော ကစားသမား ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်သူနဲ့ လက်ချင်းတွဲပြီး လူမြင်ကွင်းကို ထွက်လာသော တေလာဆွစ်
Next post ဗုဒ္ဓဟူးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်ပြီးနောက် ဂျော်ဒန်သို့ ခရီးဆက်မည့် သမ္မတ ဂျိုးဘိုင်ဒန်