ချစ်သူနဲ့ လက်ချင်းတွဲပြီး လူမြင်ကွင်းကို ထွက်လာသော တေလာဆွစ်

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် တေလာဆွစ်ရဲ့ သမီးရည်းစား ဆက်ဆံရေးတိုင်းလိုလိုဟာ လူအများဆီကနေ အာရုံစိုက်ခံ ရမှုများစွာ ရရှိတတ်ပြီး အခုတစ်ခါမှာလည်း သူမနဲ့ NFL ကစားသမား Travis Kelce တို့ သမီးရည်းစားဆက်ဆံရေးတွေ ရှိနေကြတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပြီး ရက်သတ္တပတ်အနည်းငယ်အကြာ အောက်တိုဘာ ၁၅ ရက် နံနက်အစောပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ဦး နယူးယောက်မှာ လက်ချင်းတွဲကာ လူမြင်ကွင်းမှာ စုံတွဲလိုက် ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။


တေလာဆွစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က Travis Kelce ရဲ့ NFL ပွဲစဉ်တစ်ခု သူငယ်ချင်းတွေနဲ့အတူ သွားကြည့်ပြီး ပွဲစဉ်အတွင်း Travis Kelce ရဲ့မိခင်ဘေးမှာ ထိုင်ကာ ပွဲစဉ်ကိုအား​ပေးနေခဲ့တာကြောင့် တေလာဆွစ်နဲ့ Kelce အကြား အချစ်ဇာတ်လမ်း ရှိနေတယ်လို့ ကောလဟာလ တွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။


ကမ္ဘာတစ်ဝန်းလုံးမှာ ပရိသတ် သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ အဆိုတော် တေလာဆွစ်ဟာ အခုနှစ် လေးလပိုင်းလောက် က ခြောက်နှစ်ကြာချိန်းတွေ့ခဲ့တဲ့ မင်းသား Joe Alwyn နဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး အခုလက်ရှိမှာလည်း Travis Kelce နဲ့ တွဲနေတဲ့ သတင်းအပေါ် ပရိသတ်တွေကတော့ ဝမ်းသာ ဂုဏ်ပြုပေးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကရင်ပြည်နယ်အတွက် ဝိုင်းဝန်းဆောင်ရွက်ရေးများဆွေးနွေး
Next post လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ၈၅၉ ဂိုးရသွားတဲ့ ရော်နယ်ဒိုက သွင်းဂိုး ၁၀၀၀ စံချိန်ရှင် ဖြစ်လာမလား