ကရင်ပြည်နယ်အတွက် ဝိုင်းဝန်းဆောင်ရွက်ရေးများဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် NCA (၈)နှစ်မြောက်နှစ်ပတ် လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးတို့ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်မှုနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးအား အောက်တိုဘာ ၁၆ ရက်နံ နက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ် ပတ်လည်နေ့ ခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကိုလိုလားသော ကရင်တိုင်းရင်းသားများ၏ ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုမှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း နယ်မြေတည် ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်လျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တပ်မတော်အရာရှိကြီးများ၊ကရင်တိုင်း ရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တက္ကသိုလ်အားလုံး နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ် လက်ခံပြီး နိုဝင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်မည်
Next post ချစ်သူနဲ့ လက်ချင်းတွဲပြီး လူမြင်ကွင်းကို ထွက်လာသော တေလာဆွစ်