၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းက မကာအိုကို ဂိုးပြတ်အနိုင်ရ

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအသင်းအနေဖြင့် မကာအိုအသင်းကို အိမ်ကွင်းတွင် သက်သောင့်သက်သာကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးကိုမူ ပွဲချိန် ၄၃ မိနစ်မှ လွင်မိုးအောင် သွင်းဂိုးဖြင့် စတင်ဂိုးရရှိခြင်းဖြစ်သည်။ ထို့နောက် ပွဲချိန် ၅၅ မိနစ်တွင် နစ်ကီတိုရာအိုက မကာအိုအသင်းအတွက် ချေပဂိုးပြန်လည်သွင်းခဲ့သော်လည်း ပွဲချိန် ၆၂ မိနစ်တွင် စိုးမိုးကျော်က ဦးဆောင်ဂိုး၊ ၈၁ မိနစ်တွင် အောင်ကောင််းမာန်က တတိယဂိုး၊ ပွဲချိန် ၉၁ မိနစ်တွင် နေမိုးနိုင်က စတုတ္ထဂိုးနှင့် ၉၄ မိနစ်တွင် အောင်ကောင်းမာန်က ပဥ္စမဂိုးသွင်းယူခဲ့သဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

2026 FIFA World Cup qualification ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၇ ရက်တွင် ထပ်မံ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းယှဥ်ပြိုင်မှုမစတင်မီ လက်ရွေးစင်ကစားသမားများက လာရောက်အားပေးရန် ဖိတ်ခေါ်ခဲ့သလို ပရိသတ်အများအပြားကလည်း ကွင်းအတွင်းလာရောက်အားပေးခဲ့သည်ကို တွေ့မြင်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2023 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် အိအိမြင့်အောင်သိန်း ဝင်ရောက်ယှဥ်ပြိုင်မည်
Next post ဘင်္ဂလားဒေ့ရှ်၌ မြစ်ကူးရထားလမ်းသစ် ဖွင့်လှစ်