အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှု ရပ်တန့်သွားမယ်ဆိုပါက ယူကရိန်းဟာ တစ်ပတ်တောင်ခံမှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ပူတင်ပြော

အနောက်နိုင်ငံတွေရဲ့ စစ်ရေးနဲ့ ငွေကြေးအကူအညီမပါဘဲ ယူကရိန်းဟာ တစ်ပတ်ထက်ပိုပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ Valdai Discussion Club အစည်းအဝေမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အခိုင်အမာပြောကြားခဲ့ပါတယ်။

ဝါရှင်တန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက ယူကရိန်းအတွက် အမေရိကန်ရဲ့ ရန်ပုံငွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ မစ္စတာပူတင်ရဲ့ ခန့်မှန်းချက်ထွက်ပေါ်လာတာပါ။

တစ်ချိန်ထဲမှာပဲ ယူကရိန်းရဲ့ အဓိကအလှူရှင်ဖြစ်တဲ့ အမေရိကန်ရဲ့ ပံ့ပိုးမှုရပ်တန့်သွားမယ်ဆိုပါက အစုအဖွဲ့ အနေနဲ့ ရန်ပုံငွေကွာဟချက်ကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက သတိ ပေးခဲ့ပါတယ်။

ဘဏ္ဍာရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်ဟာ ယူကရိန်းအပေါ် ဆက်လက်ထောက်ပံ့နိုင်ဖို့ စိုးရိမ်မှုတွေ မြင့်တက်နေပြီး ဘိုင်ဒင်ကိုယ်တိုင်ကလည်း ဒီဖြစ်နိုင်ခြေကို စိုးရိမ်ကြောင်း ပြောကြားထားပါတယ်။

ဒေါ်လာဘီလီယံပေါင်းများစွာ လှူဒါန်းမှုတွေအပေါ် မှီခိုနေရတဲ့ ယူကရိန်းဟာ ကာကွယ်ရေးကဏ္ဍအပါအဝင် နောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုမပါဘဲ သူ့အလိုလို ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ မစ္စတာပူတင်က ပြောကြားခဲ့ပါ တယ်။

“တစ်ယောက်လောက်ပဲ ထောက်ပံ့မှုကို ရပ်ကြည့်လိုက် တစ်ပတ်အတွင်း အားလုံးသေလိမ့်မယ်။ ကာကွယ် ရေးစနစ်မှာလည်း အလားတူပါပဲ။ မနက်ဖြန် အကူအညီ ရပ်ဆိုင်းမယ်လို့ စိတ်ကူးကြည့်ပါ။ ကျည်မကုန်ရင် တစ်ပတ်လောက်ပဲ အသက်ရှင်မယ်” လို့ မစ္စတာပူတင်က ပြောပါတယ်။

ဇွန်လအတွင်းမှာ ရုရှားတပ်တွေကိုတန်ပြန်ထိုးစစ်ဆင်ပြီးကတည်းက ယူကရိန်းတပ်ဖွဲ့ဝင် ၉၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီဖြစ်တယ်လို့လည်း မစ္စတာပူတင်က ပြောကြားခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီကို ဖယ်ရှားခြင်းအပါအဝင် အမေရိကန်ကွန်ဂရက်မှာ မကြာသေး မီက ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေကြောင့် ယူကရိန်းကို ဆက်လက်ထောက်ပံ့ဖို့အတွက် မသေခြာမရေရာမှုတွေ ဖြစ် ပေါ်နေပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီက အမေရိကန် နိုင်ငံရေးမတည်ငြိမ်မှုတွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့ပေမယ့် ယူကရိန်းအတွက် ကျောထောက်နောက်ခံပေးမယ့်အပေါ် ယုံကြည်နေဆဲဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါပေမယ့် အမေရိကန်ကတိပြုထားတဲ့ ယူကရိန်းအတွက် ရန်ပုံငွေဟာ အတိုက်အခံ ရီပတ်ဘလီကန်လွတ်တော် အမတ်တွေကြောင့် ရပ်တန့်ထားရပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်အစိုးရကို ပိတ်ပစ်ဖို့ အတိုက်အခံ ရီပတ်ဘလီကန်တွေနဲ့ သီတင်းပတ်ကုန်က ရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ဆုံးဖြတ်ခဲ့တာပါ။

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ စလိုဗက်သမ္မတနိုင်ငံမှာလည်း ယူကရိန်းအတွက် စစ်ရေးအရထောက်ပံ့မှုကို အဆုံး သတ်ဖို့နဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ အဆုံးသတ်မယ်လို့ ကတိပြုထားတဲ့ ပါတီက တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားခဲ့ပြီး ယူကရိန်းကို စစ်ရေးအကူအညီပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် ကွန်ဒိုနှင့် လူနေတိုက်ခန်း ရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများ ထုတ်ပြန်
Next post သားကို လင်ကောင်းသားကောင်းဖြစ်အောင်ပျိုးထောင်မယ့် ချောရတနာ