Miss World Myanmar 2023 Winner ဆုကို ဓနုတိုင်းရင်းသူ ယွန်းသိမ့်သိမ့်နွေး ဆွတ်ခူး

အောက်တိုဘာ(၁)ရက်နေ့ ညက ကျင်းပခဲ့သော Miss World Myanmar 2023 ရွေးချယ်ပွဲမှာ Miss World Myanmar 2023 Winner ဆုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့မှ အသက်(၁၉)နှစ်အရွယ်၊ ဓနုတိုင်းရင်းသူလေး၊ Contestant Number (2) ယွန်းသိမ့်သိမ့်နွေး ရရှိသွားတာ ဖြစ်ပါတယ်။

ယွန်းသိမ့်သိမ့်နွေး ဟာ Winner သရဖူဆုကြီးအပြင် ပြိုင်ပွဲကာလတစ်လျှောက် စာနယ်ဇင်းသတင်းမီဒီယာများ မဲပေး ရွေးချယ်သည့် Media’s Choice Award၊ ပရိသတ်များ မဲပေးရွေးချယ်သည့် People’s Choice Award၊ Beauty With A Purpose ဆုအပါအဝင် ပြိုင်ပွဲကြီးအတွက် ပံ့ပိုးကူညီကြသည့် စပွန်ဆာလုပ်ငန်းကြီးများက ချီးမြှင့်သည့် Brand Ambassador နှင့် Special Award များစွာကို ထိုက်ထိုက်တန်တန် ရရှိဆွတ်ခူးသွားတာဖြစ်ပါတယ်။

ပင်းတယမြို့နယ်အတွက်၊ ဓနုလူမျိုးများအတွက် အင်မတန် ဂုဏ်ယူဖွယ်ရာ အလှမယ်လေးရဲ့ တစ်နှစ်တာ အလှမယ်တာဝန်၊လူမှုအကျိုးပြု ပရဟိတလှုပ်ရှားမှု ခရီးလမ်းမှာ နွေးကို ချစ်ခင်ကြသူများက နွေးနဲ့အတူ ပူးပေါင်းပါဝင်ရင်း အားပေးဝန်းရံပေး ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ Congratulations to Nway! 🥳 #MissWorldMyanmar2023

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျိုက္ခမီဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဥ်ကျင်းပပြုလုပ် သော ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
Next post တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ဆေးရုံအဆင့်မှစ၍ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်