တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ဆေးရုံအဆင့်မှစ၍ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်

တစ်နိုင်ငံလုံးရှိ ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ မွန်းလွဲပိုင်းက ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (ပြင်ဦးလွင်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို ယခင်ထက် ပိုမိုဝယ်ယူထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအတွက် ပြည်သူလူထုစိုက်ထုတ် သုံးစွဲငွေ (out of pocket expen-diture) သက်သာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင် မှုကဏ္ဍကိုလည်း စနစ်တကျဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း၊ တစ်နိုင်ငံ လုံးရှိ ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများ ကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်ကျန်းမာရေး လူ့စွမ်းအားအရင်းမြစ်များကို အရှိန်အဟုန်မြှင့် ကာ မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ကြေးများ၊ ဝတ်စုံစရိတ်၊ ပညာရှင်ကြေး များထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက် ပိုမိုစနစ်တကျတိုးတက်စေရေး ဆေးနှင့်ဆေးပစ္စည်း၊ လူအင်အား၊ ဘဏ္ဍာငွေတိုကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး၊ အလေအလွင့်မရှိစေရေး အားလုံးကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများက မိမိတိုသက်ဆိုင်ရာ အထူးကုဘာသာရပ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဖြည့်စွက်ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသိုလှောင်ခန်းတွင် ဆေးများ စနစ်တကျသိုလှောင်ထားရှိမှု၊ Medical Resort Center ပြင်ဆင်ထားရှိမှု၊ ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခွဲစိတ်ခန်းတိုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss World Myanmar 2023 Winner ဆုကို ဓနုတိုင်းရင်းသူ ယွန်းသိမ့်သိမ့်နွေး ဆွတ်ခူး
Next post Taylor Swift တစ်ယောက် အချစ်သစ်တွေ့နေပြီလား