ကျိုက္ခမီဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဥ်ကျင်းပပြုလုပ် သော ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

မွန်ပြည်နယ် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ နှစ်စဥ်ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယပွဲတော် အား ၁၃၈၅-ခု သီတင်းကျွတ်လဆန်း(၉)ရက်နေ့မှ သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့ထိ (၂၃-၁၀-၂၀၂၃) မှ (၂၇-၁၀-၂၀၂၃) ရက်နေ့ထိကို အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရပါသည်။

သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းချိန်တွင်လည်းရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆွမ်းအိုးမျှောပွဲကို လပြည့်နေ့နံနက်၃နာရီချိန်မှစ၍ ရပ်ဝေး/ရပ်နီးများမှမိမိတို့အစီအစဥ်ဖြင့်လာရောက်ကာဆွမ်းအိုးမျှောပွဲကိုလည်းပြုလုပ်သွားမည်ဖြစ်ပါသည်။

ထို့ပြင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှစတင်၍ သီတင်းကျွတ်လပြည့်ကျော်(၅)ရက်နေ့ (၃၀-၁၀-၂၀၂၃)မှ (၃-၁၁-၂၀၂၃) ထိ ဇာတ်သဘင်ပွဲ (ဗလာပွဲ)များကို ရေလယ်ဘုရားကုန်းတော်ပေါ်နှင့် မြို့လယ်ကျောက်တိုင်တို့တွင် ကပြသွားမှာဖြစ်ပြီး၊ ရုံပွဲကိုလည်း ရေလယ်ဘုရားကုန်းတော်ပေါ်သီရိဇေယျာဇာတ်ရုံကြီးမှာ ကပြသွားမှာဖြစ်ပါသည်။

ခြင်းလုံးပညာရှင်အမျိုးသမီးများ၏ ခြင်းလုံးအလှခတ်၊ ရွဲလုံးအလှကစားပြမှုများဖြင့်လည်း(အခမဲ့) ဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကာ အလွတ်တမ်းဘောလုံးပြိုင်ပွဲအဖြစ် ဘောလုံးအသင်း(၈) သင်းတို့မှ ယှဥ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်၌ စျေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချလိုပါက အောက်တိုဘာ (၁၅) ရက်မှစတင်ကာ ဆိုင်ခန်းလျှောက်လွာများကို ဂေါပကအဖွဲ့ရုံးတွင်လာရောက်၀ယ်ယူနိုင်ပြီး အောက်တိုဘာ (၂၁) ရက်တွင် စျေးဆိုင်ခန်းများကို အကွက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တစ်ရက်တည်းအခွေပေါင်း ၆၀၀၀၀ရောင်းခဲ့ရတဲ့ Jungkook
Next post Miss World Myanmar 2023 Winner ဆုကို ဓနုတိုင်းရင်းသူ ယွန်းသိမ့်သိမ့်နွေး ဆွတ်ခူး