Song Hye-kyo ရဲ့ The Glory နဲ့ အပြိုင် Best Actress in A Leading Role National Winner ရွေးချယ်ခံရတဲ့ ပန်းရောင်ခြယ်

မင်္ဂလာပါ DBN ပရိသတ်ကြီး‌ရေ……Singapore နိုင်ငံရဲ့ အာရှအနုပညာဖန်တီးမှုအကယ်ဒမီဆုချီးမြှင့်တဲ့ Asian Academy Creative Awards ရဲ့ Best Actress in Leading Role – National Winner မှာ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲနဲ့ ပန်းရောင်ခြယ် ဆန်ကာတင် အရွေးချယ်ခံရတာ ကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ အခုလို ရေးသားဖော်ပြလာပါတယ်။

“Asian Academy Creative Awards မှာ အ ကောင်းဆုံး အမျိုးသမီးဇာတ် ဆောင်ဆုအတွက် ဒုတိယအကြိမ် Nomination ကို တမြေ့မြေ့မိုးနဲ့ ဝင်သွားပါတယ်။ Grand Prize ကို မမှန်းပါဘူး။ ကိုယ်ငယ်ငယ်ထဲက ကိုရီးယားမင်းသမီး တွေထဲမှာ ထိပ်ဆုံးအားကျပြီးချစ်ရတဲ့ Song Hye Kyo  လေးနဲ့အတူ Nomination ပါခွင့်ရပြီး The Glory ဇတ်ကားထဲမှာလည်း သူ ရက်စက် တော်တဲ့အတွက် အွန် စော လေး မဟုတ်ရင် တစ် ယောက် ယောက် ရပါလိမ့်မယ် “လို့ ဖော်ပြထားပါတယ်။

Mahar ရဲ့ Original Series တစ်ခုဖြစ်တဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲမှ Best Actress in A Leading Role အနေနဲ့ ပန်းရောင်ခြယ်က ဆန်ကာတင်စာရင်းတွေပါဝင်ခဲ့သလို အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ဆန်ကာတင်အဖြစ် – အေးချမ်းမောင် (တမြေ့မြေ့မိုး)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ဆန်ကာတင်အဖြစ်- ဆုထက် (ချိုခါးဆိမ့်သက်အချစ် တစ်ခွက်)နှင့် Best Direction (Non-Fiction) ကိုလည်း “ရန်ကုန်ညများ” ကိုရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာ Sai Nyan Linn Set က ဆန်ကာတင် အရွေးချယ်ခံရတယ်လို သိရပါတယ်။ Asian Academy Creative Awards ရဲ့ Grand Final ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လိုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကြီးအကျယ်ဆုံး နှင့် အခမ်းအနားဆုံး High-End & Daily wear Jewelry Show ပြုလုပ်မည့် စိန်မင်းသမီး စိန်ရွှေရတနာဆိုင်
Next post နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သာများအတွက် လစဉ် အပိုထောက်ပံ့ကြေး သုံးသောင်းကျပ် ခံစားခွင့်ပြုသွားမည်