နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သာများအတွက် လစဉ် အပိုထောက်ပံ့ကြေး သုံးသောင်းကျပ် ခံစားခွင့်ပြုသွားမည်

နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) ဝန်ထမ်းများကို အပိုထောက်ပံ့ကြေးအဖြစ် တစ်လလျှင် သုံးသောင်းကျပ် ခံစားခွင့်ပြုသွားမယ်လို့ စက်တင်ဘာလ (၃၀)ရက်နေ့ နေ့လည်ပိုင်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံတော်အတွင်းနိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင်ပြုသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အစိုးရဌာနများနှင့် အဖွဲ့အစည်များရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ထောင် ကျပ်တိတိထပ်မံခံစားခွင့်ပြုသွားမှာလည်းဖြစ်ပါတယ်။

အဆိုပါ အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမည့် ကိစ္စရပ်နှင်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှလည်း အမိန့် ကြေညာစာထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Song Hye-kyo ရဲ့ The Glory နဲ့ အပြိုင် Best Actress in A Leading Role National Winner ရွေးချယ်ခံရတဲ့ ပန်းရောင်ခြယ်
Next post ကျပ် ၅၀ တန်နှင့် ကျပ် ၁၀၀ တန် ငွေစက္ကူများကို ရုပ်သိမ်း မည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု နစက ထုတ်ပြန်