သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင် သယ်ဆောင် လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီး၊ သာစည်-တောင်ကြီးသွားကားလမ်းတွင် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော် လိုက်ပါလာသည့် DONGFENG ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS ၂၁ တန် သိမ်းဆည်းရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ တရားမဝင် သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
More Stories
ရေဘေးသင့်ပြည်သူများကို လှုဒါန်းရာတွင် သက်ဆိုင်ရာမှ တဆင့်သာ လှုဒါန်းရမည် ဟုဆို
ရေကြီးမှုဖြစ်ပွားသည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအား လှုဒါန်းရာတွင် သက်ဆိုင်ရာမှတဆင့်သာ လှုဒါန်းရ မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ လာ ရောက်လှူဒါန်းရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အ...
“အတတ်နိုင်ဆုံး မူလအခြေအနေ အတိုင်းဖြစ်အောင် ကျွန်တော်တို့ကူညီပေးပါမယ်”ဟု ရေဘေးသင့်ပြည်သူများကို နစက ဥက္ကဋ္ဌ အားပေး
ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ရေ ဘေးရှောင်ကယ်ဆယ်ရေး စခန်းရှိ ရေဘေးရှောင်ပြည်သူများထံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် တွေ့ဆုံစဥ် "အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်"ဟု အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍လည်း...
သံဖြူဇရပ်မြို့နယ်တွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသ ခံလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် နိုင်ငယ်ထူးထူးလင်းနှင့် မဇင်မာထွေးဆိုသူတို့ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်က...
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုမှ ဒေသခံများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့
ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရပ်ကွက် (၄) ခုအတွင်းသို့ ရေဝင်ရောက်လျက် ရှိသဖြင့် ၎င်းရပ်ကွက်များရှိ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ...
နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံ ဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့်...
နစက ဥက္ကဋ္ဌ နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအခြေအနေများအား ကြည့်ရှု စစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်...