သီချင်း MTV ကို စိုးပြည့်နှင့်ရိုက်ဖို့ (၃)နှစ်ကြာစုခဲ့ရတဲ့ အဆိုတော် ထူးထူး

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ မန္တလေးမှာ နေထိုင်ပြီး သီချင်းများကို ဖန်တီးနေသော အဆိုတော်  ထူးထူးဟာ တေးရေး သဟာအောင် ရေးစပ်ထားပြီး  သူသီဆိုထားသော ညိုချော MTV ကို သရုပ်ဆောင် စိုးပြည့်သဇင် နဲ့ သီချင်း ရိုက်ချင်လို့ ပိုက်ဆံ (၃) နှစ်လောက် စုခဲ့တယ် အကြောင်းကို အခုလို ပြောကြားလာပါတယ်။

“ ဒီသီချင်းကို မစိုးပြည့်နဲ့ရိုက်မယ်ဆိုပြီး စိတ်ကူးပြီး ဆိုထားတာ သူနဲ့မှမဟုတ်ရင် မရိုက်ဘူးဆိုပြီး လေးနှစ်လုံးလုံး ကျွန်တော်က ‌အောင်းထားတာ …ရိုက်မယ်ဆို‌တော့ ဘယ်ဆက်သွယ်ရမှန်း မသိဘူး ညီမလေး ဖြူဖြူထွေးဆီက ဖုန်းနံပါတ်တောင်းပြီး ရိုက်ဖြစ်အောင် ရိုက်လိုက်တာပါ ….မစိုးပြည့်နဲ့ ရိုက်ဖို့‌တော့ ဆုပြီးသားမရှိတော့ (၃)နှစ်လောက်စောင့်လိုက်ရတယ်’’ ဆိုပြီး ပြောကြားလာပါတယ်။

စိုးပြည့်နဲ့ဆက်သွယ်ပြီးနောက် သီချင်းအရင်ပို့ပြီး သီချင်းရိုက်ဖို့ အဆင်ပြေပါတယ်ပြောလို့ အရမ်းပျော်သွား ရိုက်ကူးဖို့ ဒါရိုက်တာတွေနဲ့ ဆက်သွယ်ပြီး အခုလို ရိုက်ကူးဖြစ်ပုံများကို ပြောကြားလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကင်ဆာနောက်ဆုံးအဆင့် ဖခင်ဖြစ်သူကို အနားကပ် ပြုစုနေတဲ့ အကြောင်း ရေးသားလာသော မခိုင်လေး
Next post သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင် သယ်ဆောင် လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ