အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယမန်နေ့တွင် လက်ခံကျင်းပခဲ့

စက်တင်ဘာလ ၁၄ ရက်

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေး(20th ASEAN Air Chiefs Conference-20th AACC) ကို ယမန်နေ့ကပြုလုပ်ခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတိုမှ လေတပ်ဦးစီးချုပ်များ တက်ရောက်ခဲ့ကာ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတိုမှ လေတပ်ဦးစီးချုပ်များက Video Message ပေးပို၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲမှ ထုတ်ပြန်ထားပါတယ်။

အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး သဘာပတိဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပြီး “ASEAN Air Forces’ Cooperation for Sustainable Environment” အကြောင်းအရာအား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် နိုင်ငံတိုမှ လေတပ်ဦးစီးချုပ်များက အသီးသီးဆွေးနွေးခဲ့ပြီး ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံ လေတပ်ဦးစီးချုပ်များက Video Message ပေးပို၍ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်၍ သဘာပတိဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို ဥက္ကဋ္ဌ တာဝန်လွှပြောင်းပေးအပ်ခဲ့ပါတယ်။ ထိုနောက် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး ဆွေးနွေးညှိနှိင်း သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

(၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (11th AACC) အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုကျင်းပသည့် အစည်းအဝေးသည် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်-မြဝတီ မှန်လုံယာဥ်ငယ် အရှိန်လွန်ပြီး ရေမြောင်းအတွင်းသို့ တိမ်းမှောက် လူတစ်ဦးသေဆုံး
Next post (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး