
(၅-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၅-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မော်စကိုတွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် အစမ်းလေ့ကျသ့နေသည့် မြန်မာ့တပ်မတော်
၂။ မုံရွာမြိုက စာမေးပွဲပြန်ဖြေမည့် ကျောင်းသား/ကျောင်းသူ (၃၅၀) ကျော်အား စခန်းသွင်းသင်ကြား
၃။ နိုင်ငံတော် စရိတ်ဖြင့် သွေးတိုးဆီးချိုရောဂါ အပါအဝင် အရေပြားရောဂါများ စစ်ဆေးပေးမည်
၄။ လားရှိးမြိုတွင် မြိုလုံးကျွတ် ကမ္မဝါစာနှင့် အန္တရာယ်ကင်းပရိတ် မြိုတွင်းလှည့်လည် ရွတ်ဖတ်ပူဇော်
၅။ အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားခဲ့ကြသူ ၃ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ နှစ်အထိ အသီးသီးချမှတ်
၆။ KNU နှင့် PDF များ မိုင်းခွဲဖျက်ဆီးလိုက်မှုကြောင့် အစိုးရက ပြန်လည်ပြင်ဆင်နေသော မိုးကောင်းတံတား ထပ်မံမိုင်းခွဲခံရပြီး ကျိုးကျပျက်စီး
၇။ သံဖြူဇရပ်မြိုနယ် ထင်းရှူးကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့
၈။ မေလ ၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၈၅ ကျပ်၊ Octane 95 – ၂၉၄၀ ကျပ်၊ Diesel – ၂၄၇၀ ကျပ်၊ Premium Diesel – ၃၀၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ စင်ကာပူရွေးကောက်ပွဲ အာဏာရပါတီ ပြတ်ပြတ်သားသား ထပ်မံအနိုင်ရ
၂။ ရက်တိုတို အပစ်အခတ်ရပ်စဲမှုဖြင့် ပူတင်လိုချင်သောပွဲမျိုးကို ယူကရိန်းက ကစားမည်မဟုတ်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
၃။ ထရမ့်ပ်၏ ဘတ်ဂျက်တွင် အဆင်းရဲဆုံးနိုင်ငံများဆိုင်ရာ ကမ္ဘာ့ဘဏ် ရန်ပုံငွေအတွက် ဒေါ်လာ ၃ ဒဿမ ၂ ဘီလျံ ထည့်ဝင်မှု ပါဝင်
၄။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ သေနတ်သမားတစ်ဦးက လူ(၃)ဦးကို သေနတ်နဲ့ပစ်သတ်
၅။ ဘိုလီးဗီးယားနိုင်ငံမှာ လေယာဉ်တစ်စီး မိကျောင်းတွေ ပေါတဲ့ရွှနွံအိုင်အတွင်း ပျက်ကျခဲ့ပေမယ့်လည်း လိုက်ပါ သွားသူအားလုံး အသက်ရှင်လွတ်မြောက်
၆။ မနီလာလေဆိပ် ဝင်ပေါက်အတွင်း ယာဉ်တိုက်မှုဖြစ်၍ လူနှစ်ဦးသေဆုံး
အားကစားသတင်းများ
၁။ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်များကို ဂုဏ်သိက္ခာအတွက် ကစားမည်ဟု မန်ယူနည်းပြပြော
၂။ ဘုန်းမောက်နှင့် ရှုးပွဲအပေါ် လက်ခံနိုင်စရာ မရှိဟု အာဆင်နယ်အသင်းခေါင်းဆောင်ပြော
၃။ အာဆင်နယ်ကစားသမားဟောင်း ၂ ဦးပြိုင်ဘက်နည်းပြအဖြစ် ချန်ပီယံရှစ်တွင် ပြန်ဆုံ
၄။ ချန်ပီယံရှစ် ဖလားကို လိဒ်ယူနိုက်တက် ကိုင်မြောက်
၅။ ချန်ပီယံ လီဗာပူးအသင်းကို ဂုဏ်ပြုထိုက်ဟု ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာပြော
အနုပညာသတင်းများ
၁။ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ပြန်လည် ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ပဒေသာရန်ပုံငွေ ကပွဲ ၃ ရက်တိုင်ကျင်းပမည်
၂။ ဝင့်ယမုံနိုင်က ထက်ထက်မြက်မြက်ရှိသူမို အမုန်းမြစ်က အိုက်တင်တွေ စောင့်ကြည့်ရမယ် ဆိုတဲ့ ကျော်ထက်
၃။ နေ့သစ်အေးအောင်က အမေကိုချစ်ကြောက်ရိုသေသလို မိန်းမကိုလည်း ချစ်ကြောက်ရိုသေပါတယ်ဆိုတဲ့ ဆုထက်လှိင်