မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ယနေ့စတင်မည်

ဧပြီလ ၂၂ ရက်

၂၀၂၅ -၂၀၂၆ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို ယနေ့ ဧပြီ (၂၂) ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးလိဂ်ကော်မတီက အသိပေးထားပါတယ်။

ယခင်က ဧပြီ (၁)ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မန္တလေးနှင့် စစ်ကိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပွဲကျင်းပမည့်ရက်ကို ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲ၏ ပွဲစဉ်(၁) ပထမနေ့တွင် ရန်ကုန်ယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ISPE ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုတွေအားလုံးကို ကြိုဆိုတယ်လို့ တရုတ်အစိုးရ ပြော