Robert Pattinson တစ်ယောက် Christopher Nolan ရဲ့ The Odyssey ဇာတ်ကားမှာ ဂရိဘုရားအဖြစ် သရုပ်ဆောင်မယ်လို့ သတင်းများထွက်ပေါ်

Robert Pattinson ကတော့ Christopher Nolan ရဲ့ The Odyssey ဇာတ်ကားမှာ ဟာမီးစ် (Hermes) အဖြစ် သရုပ်ဆောင်ဖို့ သတင်းတွေထွက်ပေါ်နေပြီး၊ Nolan ရဲ့ ထုံးစံအတိုင်း အချိန်ကို ပုံဖော်မယ့် ဒဏ္ဍာရီဆန်ဆန် ဇာတ်ကောင်တစ်ခုဖြစ်လာဦးမှာပါ။

Robert Pattinson ကတော့ အခုဆို Gotham ကို စွန့်ခွာပြီး အိုလံပတ်တောင်စီရောက်သွားပြီလို့ တော်တော်များများပြောနေကြပြီး သွေးစုပ်ဖုတ်ကောင်မှ Batman၊ Batman ကနေ Hermes ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် ပြောင်းလဲလာတဲ့ Character တွေနေရာကို ပြောင်းလဲလာတာကို တွေ့ရမှာပါ။ လက်ရှိမှာတော့ Nolan က ဇာတ်ကားကို ဦးစီးရိုက်ကူးနေပြီး ဂရိဒဏ္ဍာရီများကိုအခြေခံကာ နတ်ဘုရားတွေကို ပုံဖော်မယ့် ဇာတ်ကောင်တွေကို ပိုပြီး မြင်တွေ့ရဖွယ်ရှိပါတယ်။

Robert Pattinson ကတော့ ဒီဇာတ်ကားမတိုင်ခင်ထဲက နာမည်ကြီးမင်းသားတစ်လက်ပါ။ Christopher Nolan ရဲ့ The Odyssey မှာ သရုပ်ဆောင်မယ်ကြားတော့ ပရိတ်သက်တွေရဲ့ အားပေးမှုက နှစ်ဆတိုးတက်လာတယ်လို့ သိရပါတယ်။

အတိအကျ သရုပ်ဆောင်မယ့် အသေးစိတ်အချက်အလက်တွေကို အတည်မပြုရသေးပေမယ့် Robert Pattinson ပါဝင်မှုက သတင်းခေါင်းကြီးပိုင်းသတင်းဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ‘The Batman 2’ ဇာတ်ကားကို ၂၀၂၇ ခုနှစ် အောက်တိုဘာလအထိ နောက်ဆုတ်သွားပြီး၊ The Odyssey က သူ့ရဲ့ နောက်ထွက်လာမယ့် ဇာတ်လမ်းအသစ် ဖြစ်တာမို့လို့ ပရိတ်သက်တွေက ပိုပြီး မျှော်လင့်နေကြပါတယ်။ Christopher Nolan ရဲ့ The Odyssey ကိုတော့ July 17, 2026 မှာကြည့်ရှုရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၁-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ